နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ်မှစတင်ကာ ၃ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးခန့် သေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက် ၈ ခွဲမှာ TNLA မြို့ထဲဝင်လာတယ်၊ နေ့လယ်ပိုင်းမှာ တိုက်ပွဲတော်တော်ကြမ်းတယ်၊ စစ်တပ်ဘက်ကတော့ ၅ ယောက်လောက် သေမယ်။ အပြင်မထွက်ရဲတော့ အတိအကျမသိဘူး၊ လမ်းပေါ်မှာ စစ်သားတွေ သေနေတဲ့ ပုံတွေတော့ တွေ့တယ်” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့နံနက်အစောပိုင်းတွင် TNLA တပ်ဖွဲ့ဝင်များ နမ့်ခမ်းမြို့အတွင်းသို့ ဝင်ရောက်လာသည့်အ တွက် အကြမ်းဖက်စစ်ကောင်စီက လက်နက် ကြီး များဖြင့် တဖက်သတ်ပစ်ခတ်ခဲ့ကာ ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။အဆိုပါ ၆ ဦးမှာ ဆွတ်ရိန်အောင် (၅)နှစ်၊ ဦးမာတူး (၃၂)နှစ်၊ ဒေါ်ရွယ်ကျီး (၆၆)နှစ်၊ ဒေါ်ထုဆိုင်း (၆၀)နှစ်၊ မာရွယ်ပန် (၅)နှစ် နဲ့ ဂျာဆိုင်းဆိန် (၂)နှစ်အရွယ်ကလေးငယ်တို့ ဖြစ်ကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးရှိကြောင်းနှင့် နမ့်ခမ်းဆေးရုံတွင် ဒဏ်ရာရစစ်သား ၆ ဦးထက်မနည်း ဆေးကုသနေကြောင်း ရွှေဖီမြေသတင်းဌာနတွင် ရေးသားဖော်ပြသည်။

ယမန်နေ့တွင် နမ့်ခမ်းဈေးအတွင်း၌ အခွန်လာကောက်သော TNLA စစ်သား ၂ ဦး သေနတ်ပစ်သတ်ခံရသည့် ကိစ္စနှင့် ယနေ့တိုက်ပွဲ သက်ဆိုင်သည်ဟု ဒေသခံများ ပြောဆိုနေကြပြီး TNLA က အတည်ပြု သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s