နမ့်ခမ်းတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေ၊ ၆ ဦး ဒဏ်ရာရ၊ TNLA က သေနတ် ၃ လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ်မှစတင်ကာ ၃ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း ဒေသ ခံများထံမှ သိရှိရသည်။

“နောက်ဆုံး သိရတာက စစ်တပ်က ၄ ယောက်သေတယ်၊ ၆ ယောက်က ဒဏ်ရာရတယ်၊ နမ့်ခမ်းဆေးရုံမှာ၊ သေနတ် ၃ လက် TNLA ဘက်က ရလိုက်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။”မနက် ၈ ခွဲမှာ TNLA မြို့ထဲဝင်လာတယ်၊ နေ့လယ်ပိုင်းမှာ တိုက်ပွဲတော်တော်ကြမ်းတယ်၊ စစ်တပ်ဘက်ကတော့ ၅ ယောက်လောက် သေမယ်။ အပြင်မထွက်ရဲတော့ အတိအကျမသိဘူး၊ လမ်းပေါ်မှာ စစ်သားတွေ သေနေတဲ့ ပုံတွေတော့ တွေ့တယ်” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ယနေ့ ညနေပိုင်းက ပြောဆိုသည်။

ယနေ့နံနက်အစောပိုင်းတွင် TNLA တပ်ဖွဲ့ဝင်များ နမ့်ခမ်းမြို့အတွင်းသို့ ဝင်ရောက်လာသည့်အတွက် အကြမ်းဖက်စစ်ကောင်စီက လက်နက် ကြီးများဖြင့် တဖက်သတ်ပစ်ခတ်ခဲ့ကာ ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။အဆိုပါ ၆ ဦးမှာ ဆွတ်ရိန်အောင် (၅)နှစ်၊ ဦးမာတူး (၃၂)နှစ်၊ ဒေါ်ရွယ်ကျီး (၆၆)နှစ်၊ ဒေါ်ထုဆိုင်း (၆၀)နှစ်၊ မာရွယ်ပန် (၅)နှစ် နဲ့ ဂျာဆိုင်းဆိန် (၂)နှစ်အရွယ်ကလေးငယ်တို့ ဖြစ်ကြောင်း ရွှေဖီမြေသတင်းဌာနတွင် ရေးသားဖော်ပြသည်။

ယမန်နေ့တွင် နမ့်ခမ်းဈေးအတွင်း၌ အခွန်လာကောက်သော TNLA စစ်သား ၂ ဦး သေနတ်ပစ်သတ်ခံရသည့် ကိစ္စနှင့် ယနေ့တိုက်ပွဲ သက်ဆိုင်သည်ဟု ဒေသခံများ ပြောဆိုနေကြပြီး TNLA က အတည်ပြု သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s