ဖလမ်းမြို့နယ်တွင် စစ်တပ်က နယ်မြေရှင်း လင်းနေစဉ် မိုင်းနင်းမိ၍ ၁ ဦးသေ၊ ဒဏ်ရာရသူအများအပြားရှိ ဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ် (Tibual) ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များသည် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် မိုင်းနင်းမိ၍ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရသွားနိုင်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)မှ ဇန်နဝါရီလ ၄ရက်နေ့က ချင်း-မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်သည်။“သူတို့ထဲက တစ်ယောက်သေတာတော့ သေချာတယ် နောက်ပြီး သွေးကွက်တွေလည်း အများကြီးတွေရတယ် ဒဏ်ရာရတဲ့သူတွေများမှာသေချာတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ဆက်သွယ်ရေးတာဝန်ခံပြောသည်။

ဒီဇင်ဘာ ၄ရက် ယမန်နေ့ နံနက်၁၀နာရီခန့်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းတစ်လုံး နင်းမိ၍ ဒဏ် ရာ ရသူများကို ခေါ်ဆောင်ကာ စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ဆိုသည်။ယင်း‌နေ့ ညနေပိုင်းတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများခေါ်ဆောင်ရန်နှင့် အင်အား ရိက္ခာဖြည့် တင်းရန် ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ခဲ့ကြောင်း ၎င်းကပြောပြသည်။

သီးဘွာလ် (Tibual) ရဲစခန်းတွင် စခန်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သား ၂၀ခန့် စခန်းချနေထိုင်လျက်ရှိပြီး CNDF တပ်ဖွဲ့ဝင်များမှ စခန်းပတ်လည်အား ဝိုင်းဝန်းပိတ်ဆို့ထားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ၎င်းဆက်သွယ်ရေးတာ ဝန်ခံမှ ဆိုသည်။

CNDF တပ်ဖွဲ့သည် ဒီဇင် ဘာ ၂၉ရက်နေ့ကလည်း PDF Kalay၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) များနှင့်ပူပေါင်း၍ ချောင်းခွ နှင့် ဟာခါးလေး၊ ဟားခါးလေးနှင့် ရေစိုရွာများအကြားတွင် တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်ကျဆုံးကြောင်းထုတ်ပြန်ခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s