ဘုတလင်၊ လက်ပံကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်လို့ စစ်သား ၁၁ ဦးသေဆုံး ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် လက်ပံကျေးရွာသို့ ဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာ ကွယ်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဇန်နဝါရီလ ၂ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်သား ၁၁ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရကြောင်း လှော်တက်အင်အားစု 126 (အရာတော်) အဖွဲ့က သတင်းထုတ်ပြန်သည်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးကြောင်း၊ ဒုတိယအကြိမ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေပြီး ၁၀ ဦးခန့် ဒဏ်ရာရကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့ တိုက်ခိုက်မှုတွင်မူ စစ်ကောင်စီဘက်မှ သေဆုံးစာရင်းကို အတည်မပြုနိုင်သေးကြောင်း သိ ရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို People’s Guerillas Commando – Myinmu၊ လှော်တက်အင်အားစု 126 (အရာတော်)၊ ဘုတလင် နင်ဂျာ၊ ဘုတလင် ဒုံးပျံ၊ ဘုတလင် တောက်တဲ့၊ ဘုတလင် လေလှိုင်း၊ ဘုတလင် လျှပ်စီး စသည့် ညီနောင်မဟာမိတ် ၇ ဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s