မတူပီတိုက်ပွဲ စစ်သား ၈ ဦးသေ ၂ ဦး အရှင်မိဟု ချင်းကာကွယ်ရေးတပ် ထုတ်ပြန်

ချင်းပြည်နယ် မတူပြည်မြို့နယ်အတွင်း နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က အရာရှိ တစ်ဦးအပါအဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ) CDF Matupi ၏ ယနေ့နှင့် ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။စစ်ကောင်စီတပ်နှင့် CDF Matupi တို့ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများအတွင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း အရှင် မိထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ မတူပီ – ပလက်ဝ လမ်းပေါ် ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ရာ စစ် သားငါးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါနေ့ ညနေ ၅ နာရီတွင် မတူပီ – ဟာခါး လမ်းပေါ် ရှိ ဖနိုင်နှင့် ငလိုင်ရွာကြား၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး အ ရှင်မိထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီတွင်လည်း မတူပီ – ဟာခါး လမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြား တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က အရာရှိ တစ်ဦးနှင့် တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲ ဖြစ်ပွားချိန် ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ အထိနာကာ ပြန်လည် ဆုတ်ခွာ သွားသည်ဟု ဆိုသည်။

အဆိုပါနေ့ ညနေ ၃ နာရီတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်က ထိခိုက် ဒဏ်ရာရမှုကို အတည်မပြုနိုင်ဟု ဆို သည်။ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခန့်တွင်မှု မတူပီမြို့ပေါ်သို့ ရဟတ်ယာဉ် နှစ်စီး ပျံဝဲခဲ့ပြီး မတူပီမြို့ အနီးရှိ တပ်စခန်းများတွင် ရပ်နားသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s