မတူပီ-ဟားခါးလမ်းတွင် CDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး၊ စစ်ကောင်စီ၏ ရိက္ခာတင် သင်္ဘော ၂ စီးကို မြို့လှနှင့် ကသာ PDF များ ပူးပေါင်းတိုက်ခိုက်

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-မတူပီ တပ်ဖွဲ့တို့ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် ယမန်နေ့ နံနက် ၆ နာရီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးသွားကြောင်း CDF-မတူပီက သတင်းထုတ်ပြန်သည်။

အထိနာသောစစ်ကောင်စီတပ်သည် နံနက် ၇ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားပြီး၊ မွန်းလွဲ ၃ နာရီခန့်တွင်လည်း တိုက်ပွဲ နောက်တစ်ကြိမ် ဖြစ်ပွားကြောင်း သိရှိရသည်။အလားတူ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော ၂ စီးကို ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် မြို့လှ PDF နှင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပုံညာနှင့် ပြဒါးရှင် သင်္ဘော ၂ စီးသည် ကသာမြို့နယ်၊ မိုးတာလေးတိုက်နယ်၊ ပန်းတော်ကျွန်းတွင် ညအိပ်ရပ်နားခဲ့ပြီး ယနေ့နံနက် ဆက် လက်ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စနိုက်ပါများ၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ၁ နာရီခန့် အပြန် အလှန်ပစ်ခတ်ကြကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသန်းပစ် ခတ်မှုကြောင့် မြစ်ကမ်းပေါ်ရှိ နွား ၄ ကောင် သေဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s