မုံရွာမြို့တွင် မိုင်းလာရှာသော စစ်ကောင်စီတပ် ဖွဲ့ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်သပြေလမ်းနှင့်အာဇာနည်လမ်းဆုံတွင် ကင်းလှည့်နေသော စစ်ကောင်စီယာဉ်အား ဇန်နဝါရီလ ၅ရက်မနက် ၈ နာရီ၅၀အချိန်ခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့‌ကြောင်း Department Of Information – DRPA အဖွဲ့ဝင်တစ်ဦးကပြောသည်။”ကျွန်တော်တို့က လမ်းမမှာဒီတိုင်းချထားတာ၊ ဒီကောင်တွေလာနေကျ လာမှာကိုလည်းသိလို့၊ လာတော့ ပထမအလုံးခွဲလိုက်တယ် သုံးယောက်ကပွဲချင်းပြီးပဲ။

လုံးဝကိုမထတော့တာ၊ နောက်တစ်လုံးထပ်ခွဲတော့လည်း ထိတယ်။ နှစ်ယောက်လောက်လှမ်းမြင်လိုက်တယ်၊ ပြီးတော့ သေနတ်သံ ငါးချက်ကြားလိုက်တယ်”ဟု Department Of Information – DRPA အဖွဲ့ဝင်တစ်ဦးကပြောသည်။အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးသည်ဟု အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် Department Of Information – DRPA အဖွဲ့ကပြောသည်။

“သူတို့က မိုင်းရှိတယ်ဆိုပြီး သတင်းရလို့ လာရှာနေချိန်မှာပေါက်တာဗျ၊ Double Cub ကားတစ်စီးနဲ့ အရင်လာရှာတာဗျ၊ လမ်းသွားလမ်းလာပြည်သူတွေကိုလည်း ဖမ်းပြီး လမ်းလယ်မှာဒူးထောက်ခိုင်းထားတယ်၊ ဟိုကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့)ကိုတော့ လူနာတင်ကားနဲ့လာခေါ်သွားတယ်ဗျ”ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s