မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ် DRPA က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)၏ ​မုံရွာမြို့နယ် မြို့ပြပျောက်ကြားတပ်ဖွဲ့ (DRPA)က ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မုံရွာမြို့ အောင်သပြေလမ်းနှင့် အာဇာနည်လမ်းဆုံတွင်ကင်းလှည့်နေသော ဖက်ဆစ်စစ်တပ်ကို အဝေးထိန်းမိုင်း၁လုံး၊ နံနက် ၉ နာရီ ၁၇ မိနစ်တွင် အဝေးထိန်းမိုင်း၁လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အောင်သပြေလမ်းနှင့် အာဇာနည်လမ်းဆုံတွင် အဝေးထိန်းမိုင်း၂လုံးကို ချထားခဲ့ရာ ဖက်ဆစ်တပ်မှာလာရောက်ဖြုတ်ယူစဉ် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ မြေပြင်တာဝန်ခံ၏သတင်းပေးပို့ချက်အရ စစ်တပ်ဘက်မှ ၅ဦးခန့်အထိသေဆုံးနိုင်ကြောင်း၊ လက်ရှိအတည်ပြုထားသည်မှာ ၃ဦးဖြစ်ကြောင်းနှင့် ကင်းအဖွဲ့အများစုထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း DRPA က ပြော သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s