ယင်းမာပင်မြို့နယ် လည်​ငေါက်​ကျေးရွာ ​နေ အိမ်အချို့ကို စစ်​ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လည်​ငေါက်​ကျေးရွာ ​ပြည်သူတွေရဲ့ နေအိမ်တွေကို ဇန်နဝါရီ ၅ ရက်​နေ့ မနက်ပိုင်းမှာ စစ်​ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့လယ်ပိုင်းအထိ မီးရှို့ခံလိုက်ရတဲ့ ​နေအိမ်​ပေါင်း ၃ လုံးထက်မနည်းရှိ​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဟာ လည်​ငေါက်​ကျေးရွာပဲ ရှိ​နေ​သေးတာကြောင့် နေအိမ်ဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတာ မသိရသေးဘူးလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ​မ​နေ့ညက လက်​တောင်းငယ်​ကျေးရွာမှာ တပ်စွဲညအိပ်ခဲ့ပြီး​နောက် ဇန်နဝါရီ ၅ ရက် မနက်ပိုင်းမှာ ယင်းမာပင်မြို့ဘက်ကို လာစဥ် လမ်းခုလပ်တစ်​နေရာမှာ PDF ပူး​ပေါင်း အဖွဲ့​တွေက မိုင်းဆွဲတိုက်ခဲ့ပြီး ၆ လုံး ​ပေါက်ကွဲတာကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေ ထိ ခိုက်ကျဆုံးမှု များနိုင်တယ်လို့ PDF အဖွဲ့ဝင် တစ်ဦးက ​ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်​ကောင်စီတပ်သားတွေရဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဲဒီ​နောက် စစ်​ကောင်စီရဟတ်ယာဥ် ၂ စီး ​အခင်းဖြစ်​နေရာကို ​ရောက်ရှိလာခဲ့ပြီး ​မြေပြင်ကိုဆင်းသက်တာ တွေ့ရတယ်လို့ PDF အဖွဲ့ဝင်က ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပြီး မုံရွာဘက်ကို ဆက်သွားနိုင်​ကြောင်း သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s