ရန်ကုန်မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပနှင့် မရမ်းကုန်းတို့တွင် ယနေ့ နံနက်ဗုံးများကွဲ၊ ယမန်နေ့ညတာမွေ မလွှကုန်း ဘူတာ ဗုံးကွဲမှု စစ်သား ၃ ဦး သေဆုံးနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မရမ်းကုန်းမြို့ နယ်တို့တွင် ယနေ့ နံနက် ဗုံးများပေါက်ကွဲကြောင်း ဒေသသခံများထံမှ သိရှိရသည်။ရန်ကုန် မြောက်ဥက္ကလာမြို့နယ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ ဇန်နဝါရီလ ၅ရက်နေ့ နံနက် ၅နာရီ ၃ဝမိနစ်နှင့် ၆နာရီ ၃ဝမိနစ်ခန့်တို့တွင် ဗုံး ၂လုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ” ဒီနေ့ နံနက်အစောပိုင်းမှာ ဗုံး၂လုံးပေါက်တယ်။ ပထမ ၁လုံးက ထိခိုက်သူ မရှိဘူး။ ဒုတိယ ၁ကြိမ်ပေါက်တော့ ခွေးတွေလာစစ်ဆေးနေတဲ့ အချိန်နဲ့တိုးသွားတာ ရဲ ၂ယောက်ထိတယ် လို့တော့ ကြားတယ်။

ခွေးတွေက ပြည်သူတွေအကုန်လုံးကို ဆဲဆိုပြီးတော့ အိမ်ထဲဝင်ခိုင်းတာ သေချာတော့ မကြည့်လိုက်ရဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြေ ာဆိုသည်။ အဆိုပါ ၂ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများတွေ့ရှိခြင်းတို့ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်၊ ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် မြောက်ဒဂုံနှင့်အရှေ့ဒဂုံတို့တွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက် ၅ နာရီ ၄၄ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်းတွင် ပထမအကြိမ်၊ နံနက် ၆ နာရီ ၄၂ မိနစ်အချိန်တွင် ဒုတိယအကြိမ် ၂ ကြိမ်တိတိ ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

အလားတူ အဆပလ- ACPLF အဖွဲ့သည် မှော်ဘီတော်လှန်ရေးအင်အားစု (Hmawbi Revolution Force)၊ Yangon People Defence Force – Bahan ၊ Anonymous Force တို့နှင့်လက်တွဲပူးပေါင်း၍ ဇန္နဝါရီလ ၄ ရက် ည ၇နာရီ၊ မိနစ် ၃၀ အချိန်တွင် တာမွေမြို့နယ်၊ မလွှကုန်းဘူတာ လူကူးကုန်းကျော်တံ တား၊ ရထားသံလမ်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မလှမ်းမကမ်းနေရာတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဗုံးကွဲသည့်နေရာသို့ ကြည့်ရှုရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ည ၇ နာရီ၊ မိနစ်၅၀ အချိန်တွင် ဒုတိယတစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်နှင့်ဗုံးကွဲချိန် အချိန်ကိုက်ဖြစ်သွားသည့်အတွက် အဆိုပါဖောက်ခွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းကျဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း အဆိုပါ အဖွဲ့များက သတင်းထုတ် ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s