ရန်ကုန်ရှိ မြို့နယ် ၈ခုတွင် ရဲစခန်းများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေ ရာများကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရ

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်၊ ရွှေပြည်သာ၊ မှော်ဘီ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တာမွေ၊ ဆိပ်ကြီးခနောင်တို၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း စသည့် မြို့နယ်များတွင် ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ရဲစခန်းများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာများကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ “ပျံလွှားအောင်” စစ်ဆင် ရေးအဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

လှိုင်မြို့နယ်

===============

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ လှိုင်ရဲစခန်းဝန်းကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်

===================

ရွှေပြည်သာမြို့နယ်၊ အောက်ဂိတ်မှတ်တိုင်အနီး လှော်ကားနယ်မြေရဲစခန်းဝန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များကို ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များနှင့်အတူ MO7(Eagle)မှ YUG Army အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်

===============

မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာစဉ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ ACPLF အဖွဲ့နှင့် မှော်ဘီရင်သွေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းပြီး ထိခိုက်သေဆုံးမှု အခြေအနေမသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်

======================

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၁၁ နာရီ ၃ဝမိနစ်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေမသိရှိရသေးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

တာမွေမြို့နယ်

===============

တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်သည့် MMTM စက်သုံးဆီအရောင်းဆိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်နှင့် မလွှာကုန်းဘူတာ လူကူးကုန်းကျော်တံတား အောက်ရှိ ရထားသံလမ်းအနီး နေရာယူထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဇန်နဝါရီ ၄ ရက်နေ့ ည ၇ နာရီ ၃ဝမိနစ်ခန့်တွင် ပြည်သူ့ ကာကွယ် ရေးအဖွဲ့များဖြစ်သည့် ACPLF အဖွဲ့၊ မှော်ဘီတော်လှန်ရေးအင်အားစုနှင့် Bahan PDF Anonymous Force အဖွဲ့ဝင်များ ပူးပေါင်းကာ ဗုံး၂ ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်

=====================

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ စီးပွားရေးဒေါက်တိုင်တစ်ခု ဖြစ်သည့် MyTel ဆက်သွယ်ရေးတာဝါတိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီ ၃ဝမိနစ်ခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် MDF တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်

======================

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ဈေးအနီးရှိ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၅ ရက် နံနက် ၅ နာရီခန့် တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များနှင့် MO7(Eagle)မှ ဂဠုန်နှင့်စွန်ရဲ အဖွဲ့ဝင်များက ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

========================

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်းနှင့် ကျန်စစ်သားလမ်းအနီးရှိ ရထား သံလမ်းချောင်းကူးတံတားကို ဇန်နဝါရီလ ၅ ရက် နံနက် ၆ နာရီခန့်တွင် ACPLF အဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ထောက်ပို့ရထားများ အသုံးပြု၍ မရတော့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသ ခွဲကွပ်ကဲရေး အဖွဲ့ထံမှ သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s