လွတ်မြောက်နယ်မြေတွင် “နွေဦးကျန်းမာ “ ဆေးရုံဖွင့်၊ လူဦးရေ ၁၅,၀၀၀ ကျော်ထိ ကျန်း မာရေး စောင့်ရှောက်မှုပေးနိုင်ရန် မျှော်မှန်းထား

တိုင်းရင်သားဒေသ လွတ်မြောက်နယ်မြေ တစ်နေရာတွင် “နွေဦးကျန်းမာ “ ဆေးရုံကို ဆေးတက္ကသိုလ် (၂) ရန်ကုန် ကျောင်းသားကော်မတီက ဦးစီး၍ ဖွင့်လှစ်လိုက်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ “နွေဦးကျန်းမာ “ ဆေးရုံကို ယမန်နေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဆေးတက္ကသိုလ် ကျောင်းသားများနှင့် စေတနာ့ ဝန် ထမ်းများ အပါအဝင် စုစုပေါင်း လူအင်အား ၂၀ ကျော်ဖြင့် လည်ပတ်နေကြောင်း ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီ တာဝန်ခံ တစ်ဦးထံက သိရသည်။

“ဒီဒေသမှာ စစ်ရှောင်တွေရှိတယ်။ ဒေသခံလူထုလည်းရှိတယ်။ သူတို့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အလှမ်းဝေးနေတယ်။ နဂိုတည်းက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့ အချိန်မှာ ဒီစစ်အာဏာသိမ်းမှုကြောင့် ပိုဆိုးလာတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ကျွန် တော်တို့ အနေနဲ့ ဒီလိုမျိုး ပိုပြီးကျန်းမာရေး စောင့်ရှောက်မှု ဖြန့်ကျက်ထားနိုင်ဖို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက မဇ္ဈိမကို ပြော သည်။

ထိုဒေသရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်မှာ ခုနစ်လခန့် ရှိပြီ ဖြစ်သော်လည်း ယခုမှ “နွေဦးကျန်းမာ “ အမည်ရှိ ဆေး ရုံကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ “အဲဒီဒေသမှာ ကျန်းမာရေး စောင့်ရှာက်မှု စလုပ်နေတာ ခုနစ်လ ရှိပြီဗျ။ စစချင်း ကျွန်တော်တို့က နယ်လှည့် ကုသရေးအနေနဲ့ပဲ သွားတာပေါ့။ နောက်ပိုင်းမှာ ကျွန်တော်တို့ စပြီး အထိုင်ဆေးခန်း ဖွင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်။ ဒီထက်ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခြေလှမ်းတွေ လှမ်းနိုင်ဖို့ ကျွန်တော်တို့က ဒါကို စပြီး စီစဉ် ဖြစ်တာပေါ့” ဟု ကျောင်းသားကော် မတီ တာဝန်ခံက ပြောသည်။

လက်ရှိတွင် ထိုဆေးရုံအား အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာန စသည်တို့ဖြင့် ဖွင့်လှစ်ထားပြီး မကြာမီ အ ချိန်အတွင်း အတွင်းလူနာဌာန ၊ ကလေးကုသဆောင် ၊ မီးဖွားခန်း၊ ခွဲစိတ်ခန်း နှင့် လူနာ သယ်ယူပို့ဆောင်ရေး စနစ်များ ပြုလုပ်နိုင်ရန်လည်း ပြင်ဆင်လျက် ရှိသည်ဟု ဆိုသည်။

လိုအပ်သည့် ဆေးဝါးနှင့် စက်ပစ္စည်းများအား တပ်ဆင်လျက် ရှိပြီး အဆင့်မြှင့်တင်ပြီးပါက ကျေးရွာပေါင်း ၃၀ ကျော်နှင့် လူဦးရေ ၁၅,၀၀၀ ကျော်ထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တော့မည် ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ ဖြစ်သည့် University of Medicine 2,Yangon Student Committee တွင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့အနေနဲ့ လူအင်အား လိုအပ်ချက်ရှိတယ်။ ဆေးဝါးလိုအပ်ချက်၊ ဆေးပစ္စည်း အင်အားပိုင်း လိုအပ်ချက်တွေလည်းရှိတယ်။ စစ် တပ် အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ပိုဆိုးသွားတဲ့ အခြေအနေမှာ ကျန်းမာရေး‌စောင့်ရှောက်မှု လုံလုံလောက်လောက် မရတော့တဲ့အပိုင်းတွေ၊ ကျန်းမာရေး‌ စောင့်ရှောက်မှု ပေးနေတဲ့သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေ အများကြီးရှိ တဲ့အတွက် ကျွန် တော်တို့အနေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရသလောက် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ပါတနာတွေနဲ့ လက်တွဲပြီး လုပ်နေပါတယ်”ဟု ထိုကော်မတီတာဝန်ခံက ဆိုသည်။

ယခုကဲ့သို့ “နွေဦးကျန်းမာ “ဆေးရုံ ဖွင့်လှစ်ရာတွင် လိုအပ်ချက်များစွာ ရှိနေသေးသည့် အတွက်လည်း ပြည်သူများ ပူးပေါင်းပါဝင် ဖြည့်ဆည်းပေးကြရန်လည်း ဆေးတက္ကသိုလ် (၂) ရန်ကုန် ကျောင်းသားကော်မတီက မေတ္တာရပ်ခံထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s