ဝက်လက်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားတပ်စွဲထား၊ အပြစ်မဲ့ ပြည်သူ ၂ ဦးကို ပစ်သတ်ကာ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဝက်လက်မြို့နယ် ဝက်လည်ရွဲရွာ၊ ညောင်ပင်ကြီးတောရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား အများအပြား တပ်စွဲထားပြီး ဝက်လည်ရွဲရွာအနီးအနားရှိ ဒေသခ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဝက်လက်မြို့နယ် ဘုရားလေးကုန်းကျေးရွာတွင် ဇန်နဝါရီလ ၁ ရက်‌နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် ညောင်ပင်ကြီးတောရွာကို Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲကာ အကြမ်းဖက် စစ်ကောင်စီ အင်အား ၅၀ ဦးဝန်းကျင် ချပေးသွားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်များ ညောင်ပင်ကြီးတော ရွာသို့ ဝင်ရောက်စဉ် အ ပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ပြီး လက်ရှိအချိန်တွင် ညောင်ပင်ကြီးတောရွာ၊ ပေါက်ကန်ရွာ၊ တမာကန်ရွာများမှ ဒေသခံ ရွာသူ ရွာသားများလည်း စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

စစ်ဘေးရှောင်ပြည်သူများမှာ ဗိုလ်စွန်ရဲ ဦးဆောင်တဲ့ နယ်စည်းမခြားတော်လှန်ရေးအင်အားစု(၀က်လက်မြိုနယ်)က လက်ခံစောင့်ရှောက်ထားပြီး ဗိုလ်စွန်ရဲ ဦးဆောင်သည့်အဖွဲ့မှာ ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များကို အထိနာအောင် ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့ ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ဘေးရှောင် ဦးရေ ၂၀၀ ခန့်ကို နယ်စည်းမခြား တော်လှန်ရေး အင်အားစု (ဝက်လက် မြိုနယ်) က စောင့် ရှောက်ထားပြီး အကူအညီများ လိုအပ်လျက်ရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s