တန့်ဆည်တွင် စစ်တပ် စစ်ဆေးရေးဂိတ် ဗုံးခွဲခံရကာ စစ်သား ၃ဦးနှင့် ရဲ ၁ဦးသေဆုံး၊ ပခုက္ကူတွင်လည်း စစ်ကောင်စီ တပ်မ (၁၀၁) အတွင်းသို့ ရှော့တိုက်ဒုန်း ၂လုံးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ခရီးသွား ပြည်သူများအပေါ် ငွေကြေးကောက်ခံနေသည့် အောင်ချမ်းသာ စစ်ဆေးရေးဂိတ်ကို ယနေ့ ဇန်နဝါရီလ ၅ရက်နေ့တွင် CAF – TPC ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦးနှင့် ရဲ ၁ဦးသေဆုံးကြောင်း CAF – TPC ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသည့် အောင်ချမ်းသာ စစ်ဆေးရေးဂိတ်သည့် ခရီးသွား ပြည်သူများအပေါ် မတရား သဖြင့် ငွေကြေးကောက်ခံနေသော စစ်ဆေးရေးဂိတ် တစ်ခုဖြစ်ကြောင်း CAF – TPC ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ်မ (၁၀၁) အတွင်းသို့ ဇန်နဝါရီလ ၄ရက်နေ့ ည၈နာရီခန့်တွင် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF)က ရှော့တိုက်ဒုန်း ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PPDF တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပ ါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF)မှ မြေပြင် တိုက်ခိုက်ရေးအဖွဲ့‌‌ ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုနှင့် စစ်သားများ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း PPDFက ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s