KNU တပ်မဟာ ၅ နယ်မြေတွင် ၂၀၂၁ ခုနှစ်အ တွင်း စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက် ပွဲ ၂၆၉၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူး ၁ ဦး၊ တပ်ရင်းမှူး ၃ ဦးအပါအဝင် ၁၃၆၄ ဦး သေဆုံး၊ KNLA တပ်ဖွဲ့ဝင် ၃၀ ကျဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင် ၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲပေါင်း ၂၆၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃၆၄ ဦး သေဆုံး၊ ၁၃၁၃ ဦး ဒဏ်ရာရရှိပြီး KNLA တပ်သား ၃၀ ဦး ကျဆုံး၊ ၁၀၅ ဦး ဒဏ်ရာရရှိကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်မှ နိုင်ငံအာဏာကို မတရားသိမ်းပိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်မှ ဒီဇင် ဘာလအထိ တိုက်ပွဲစာရင်းများဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူး ၁ ဦး၊ တပ်ရင်းမှူး ၃ ဦး၊ တပ်ခွဲမှူး ၁၄ ဦး၊ ဒုတပ်ခွဲမှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦး တို့ သေဆုံးခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅၊ တပ်ရင်း တပ်ခွဲများဘက်မှလည်း တပ်ခွဲမှူး ၁ ဦး၊ ဒုခွဲမှူး ၁ ဦး၊ ဗိုလ် ၂ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် တပ်ကြပ် ၃ ဦး အပါအဝင် ၃၀ ဦး အသက်ပေးဆပ်လိုက်ရကြောင်း မူတြော်သတင်းစဉ်က ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း အများပြည်သူ နေထိုင်လုပ်ကိုင်စားသောက်ရာ နေအိမ်၊ လယ်ယာများအတွင်းသို့ လက်နက် ကြီးများဖြင့် အကြိမ်ရေ ၂၀၀၀ ကျော် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁၂ ဦး သေဆုံးကာ ၄၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ယမန်နှစ် ၁၁ လတာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ စစ်ကား ၄၇ စီးကို KNLA က ဖျက်ဆီးနိုင်ခဲ့သလို ရိက္ခာတင် မြင်းနှင့် လား အကောင်ရေ ၈၀ သေဆုံးခဲ့သည်ဟု မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s