ကင်မွန်းချောင်း အထက်တန်းကျောင်းရှေ့ ဗုံးပေါက်၊ ကျောင်းသူအပါအဝင် ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာက အထက်တန်းကျောင်းရှေ့မှာ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ကျောင်းသူအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ရဲ ၁ ဦး ခြေထောက် ဗုံးစထိမှန်ဒဏ်ရာရှိခဲ့ပြီး ကျောင်းသူ ၁ ဦးနဲ့ ကျောင်းလာပို့တဲ့ ကျောင်းသာမိဘ ၁ ဦးကတော့ အနည်းငယ် ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာပါ။

အဲဒီဗုံးဟာ အထက်တန်းကျောင်းအဝင် လုံခြုံရေးကင်းတဲမှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါ လက်ချက် ဖြစ်လဲဆိုတာတော့ မသိရသေးပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အထက်တန်းကျောင်းကို ဒီနေ့ တစ်ရက်ယာယီပိတ်လိုက်ပြီး မနက်ဖြန်မှာ ကျောင်းပြန်ဖွင့်ပြီး အတန်းတင် အ စမ်းစာမေးပွဲ ဆက်လက် ဖြေဆိုသွားဖို့ စီစဉ်ထားပါတယ်။

အခြေခံပညာကျောင်းတွေမှာတော့ ဇန်နဝါရီ ၅ ရက်ကစပြီး အတန်းတင် အစမ်းစာမေးပွဲတွေ ဖြေဆိုနေတာပါ။

အထက်တန်းကျောင်းရှေ့ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းတွေကိုပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်မွန်းချောင်း အထက်တန်းကျောင်းဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ စာ သင်ခန်း အနည်းငယ်ထိခိုက် ပျက်စီးခဲ့တာပါ။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s