ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တပ်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ ဒီဇင်ဘာ ၅ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

KIA တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စကခ – ၁၇ အောက် ခမရ – ၃၃၂ နဲ့ KIA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖွန်းပြန်ယန်အထက်က လက်ဝါးကားတိုင် တောင်ကုန်းပေါ်မှာ မနေ့မနက် ၁၀ နာရီ ခွဲလောက်ကနေ ည ၁၀ နာရီ ခွဲလောက်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “ခုည ဆယ်နာရီ တောင်ခွဲတော့မယ်။ ရွာကနေ လက်နက်ကြီး ပစ်နေတာ ၈ ကြိမ်လောက်ရှိပြီ။ အိပ်နေတာ လန့်နိုးသွားတယ်။ ဖွန်းပြန်ယန်ဘက်လို့ ပြောတယ်။ နေ့လယ်ကလည်း ရွာကနေ လက်နက်ကြီး ပစ်တယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရပေမယ့် ထိခိုက်ဒဏ်ရာရမှု များလာတာကြောင့် အင်အားထပ်ဖြည့်လာတဲ့အပြင် မိုင်ဖန်ရွာနဲ့ ၁၀၅ မိုင်ဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကူနေကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

“ဘယ်လောက် သေဆုံး ဒဏ်ရာရတာတော့ အတိအကျ မသိရသေးဘူး။ စစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု များလာလို့ မိုင်းယု ၁၀၅ မိုင်နဲ့ မိုင်ဖန်ရွာကနေ နေရာအနှံ့စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်။”

ဇန်နဝါရီ ၄ ရက်နေ့ မနက် ၇ နာရီလောက်ကစပြီး နောင်ချိုရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထမင်းဟင်းချက်စားနေချိန် KIA တပ်မဟာ ၆ ပူးပေါင်းတပ်က လက်နက်ကြီးပစ်ခတ်ထိုးစစ်ဆင်ခဲ့ပြီး ဖွန်းပြန်ယန်ဘက် စစ်ကောင်စီတွေ ပေါ်လာလို့ မွန်းတည့် ၁၂ နာရီကနေ ၁၂ နာရီခွဲအထိ နာရီဝက်ကြာ ၁ ကြိမ်၊ မွန်းလွဲ ၁ နာရီကစ ၁ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် KIA တပ်မဟာ ၆ နယ်မြေ၊ မန့်ကန်တောင်အနီး မုံးလီရွာအထက်တောင်ကုန်းပေါ်မှာ စစ်မျက်နှာ သုံးဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ ၆ တို့ အကြား ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်ကစ ၅ ကြိမ်တိုင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ KIA တပ်ဖွဲ့ဝင်က ပြောပါတယ်။

ရွာဘက်ကနေ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူနေတာကြောင့် တိုက်ပွဲထပ်မံပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။

“စစ်တပ် အမြှောက်ပစ်နေတဲ့ နေရာကို ဟိုဘက်က လာပစ်ပြီး တိုက်ပွဲ အခြေအနေပိုဆိုးလာမှာကြောက်တယ်” လို့ ဒေသခံ နောက်တစ်ဦးက ပြေ ာပါတယ်။

အဲဒီဒေသမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အသေးစားပစ်ခတ်မှုကလွဲလို့ တိုက်ပွဲ မဖြစ်တာ ၁ နှစ်ဝန်းကျင်ကြာပြီ ဖြစ်ပေမယ့် လတ် တလောအခြေအနေအရ KIA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ နှစ်ဘက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်၊ KIA တပ်မဟာ ၆ တပ်ရင်း ၃၆၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုး တက် ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့တို့ လှုပ်ရှားရာနေရာဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s