တော်လှန်ရေးအတွက် ငွေကျပ် သိန်း ၈၀၀၀ ရရှိရေး စီမံချက်အတွက် အလှူခံမှု CLICK2DONATE ကစတင်လုပ်ဆောင်၊ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပါဝင်လှူဒါန်းနိုင်

အကြမ်းဖက်စစ်ကောင်စီ တော်လှန်‌ရေးတွင် ပြည်သူအများပါဝင်လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးနေသည့် CLICK2DONATE က တော်လှန်ရေးအတွက် ထောက် ပံ့ရေး ပိုမိုလုပ်ဆောင်နိုင်ရန် သိန်း ရှစ်ထောင်ရရှိရေး စီမံချက်ကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း (တစ်ပတ်တိ တိ) ပြည်ပနိုင်ငံပေါင်း ၁၅ နိုင်ငံအပြင် နိုင်ငံတကာငွေလွှဲများနှင့်ပါ လှူဒါန်းနိုင်ရန် လုပ်ဆောင်ထားကြောင်း သိရှိရသည် တစ်ပတ်အတွင်း သိန်း ရှစ်ထောင်ရရှိရန် မျှော်မှန်းထားပြီး မျှော်မှန်းထားသည့်အတိုင်း ရရှိပါက အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ရာမည့်စစ်ရေးအတွက်အသုံး ဝင်မည်ဖြစ်ကြောင်း ၊ ရရှိသည့် လှူဒါန်းငွေများကို အဖွဲ့ ၂ ဖွဲ့ထံသို့ ထိရောက်စွာ ပေးပို့သွားမည်ဖြစ်ကြောင်း CLICK2DONATE ကဆိုသည်။

အဆိုပါ ပရောဂျက်ကို People of Evolving Myanmar, WE LOVE MOTHERLAND(KOREA) အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် သည် ဟု ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအနှံ့မှ ပါဝင်လှူဒါန်းလိုသူများ https://pyithuarr.com , https://tooez4you.com တို့တွင် ဘဏ်အကောင့်လင့်များ ရယူနိုင်မည် ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s