ထားဝယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၉ နှစ် ချမှတ်

တနင်္သာရီတိုင်း၊ထားဝယ်မြို့ပေါ်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုထွန်းဦးကို ပုဒ်မ ၅ ခုအတွက်ထောင်ဒဏ် ၁၉ နှစ်အမိန့်ချလိုက်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထောင်တွင်းတရားရုံးကနေ ၅၀၅(က)၊ ၁၉(စ) ၂မှု၊ ၅၁၊၅၂ (က) အဲဒီပုဒ်မ ၅ခုအတွက် ထောင်ဒဏ် ၁၉နှစ်အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN) က ထုတ်ပြန်ပါတယ်။

ကိုထွန်းဦးဟာ ပုဒ်မ ၉ ခု နဲ့ တရားစွဲခံထားရသူဖြစ်ပြီး လက်ကျန်ပုဒ်မတွေဖြစ်တဲ့ ၅၀၅(ဂ)၊ ၅၀၊၅၄(ည)၊ ၃၀၂/၃၄ စတဲ့ ပုဒ်မ ၄ခုအတွက်ဆက် လက်တရားရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ DPPNရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အသက် ၃၈ နှစ်အရွယ် ကိုထွန်းဦးဟာ ထားဝယ်မှာ ပုဒ်မအများဆုံးတပ်ခံရသူဖြစ်ပြီး ထောင်ဒဏ်အမြင့်ဆုံးကျခံရသူလည်း ဖြစ်ပါတယ်။ ကိုထွန်းဦးကို စက်တင်ဘာလ၂၄ရက်က မြို့သစ် ၁၀လမ်းဘနေအိမ်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s