ဒေါပုံမြို့နယ်တွင် အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ကျည်စုရပ်ကွက် တွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေးဟု ယူဆခံထားရသူ အမျိုးသမီးတစ်ဦး ယနေ့ ဇန်နဝါ ရီလ ၆ ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ် ခံရသည်။“သူ့နာမည်က မချိုလို့ ခေါ်တယ်။ မနက် ၇ နာရီကျော်လောက်မှာ ဒေါပုံ အ.လ.က (၂) ကျောင်းနားမှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ တချို့ကလည်း လေးချက်လို့ ပြောတယ်။ တချို့ကလည်း ခြောက်ချက် အပစ်ခံရတယ်လို့ ပြော တယ် ” ဟု ကနဦး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ဒေါ်ခင်စန်းလွင် (ခေါ်) ချိုမာသည် သေနတ်ပစ်ခတ် ခံရကာ နားထင်ပေါက် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု အခင်းဖြစ်ရာ နေရာအနီးရှိ ပြည်သူများ ထံက သိရသည်။ ၎င်း၏ အလောင်းကို စစ်ကောင်စီ တပ်သားများက သယ်ဆောင်သွားပြီး သူမ ပစ်ခတ် ခံရသည့် နေရာတွင်လည်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“သူက စစ်ကောင်စီ နဲ့ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့ ပူးပေါင်းပြီး informer အဖြစ် သတင်းပေးတဲ့ သူတစ်ယောက် ဆိုတာရယ်၊ ရပ်ကွက်ထဲက လူငယ်တွေနဲ့ နိူင်ငံရေး လှုပ်ရှားတဲ့ သူတွေကို ခြိမ်းခြောက် ပြောဆိုခဲ့တာတွေ ရှိပါတယ်။ဒီ့အပြင် လူငယ်တွေကို PDF လို့ စွပ်စွဲမှုကြောင့် ရှောင်ပြေးနေရမှုတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က သတင်းမှန်ကန်မှု ရှိ၊ မရှိ‌ကို သေချာစိစစ်ပြီး ပြုလုပ်သင့်တဲ့သူမို့ ပစ် မှတ် ထားခဲ့တာ ဖြစ်ပါတယ် ” ဟု သေနတ်ဖြင့် ပစ်ခဲ့သည့် Wolf Warriors STF (WWSTF) အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက မဇ္စ◌ျိမကို ပြောသည်။

၎င်းတို့ အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးကို ဗုံးဖြင့် ဖောက်ခွဲခဲ့သည်။ ယမန်နေ့ည ၇ နာရီ ၇ မိနစ်အချိန်ကလည်း ဒေါပုံသင်္ဘောကျင်း ရဲစခန်းတွင်းသို့ Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့က ဗုံးပစ်သွင်း တိုက် ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ တစ်ဦးသေကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒေါပုံမြိုနယ်၊ ဆေးစက်ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s