မတူပီ- ဟားခါးကားလမ်းရှိ ကီလှူန်းရွာနှင့် လုံလှော်ကျေးရွာကြားတွင် တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ- ဟားခါးကားလမ်း ဘယ်ဘက်ရှိ ကီလှူန်းရွာနှင့် လုံလှော်ရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စတင်ပြီး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု CDF- မတူပီ ဌာနချုပ်၊ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၁၄၀) အထိုင်တပ်ရင်းမှ အင်အား ၁၅၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် CDF – မတူပီတပ်ဖွဲ့ဝင်များရှိသည့်နေရာသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည်ဟု ၎င်းက ပြောသည်။

“မနက် ၉ နာရီ ၁၅ လောက်ပေါ့နော်။ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် လောလောဆယ် အခြေအနေမှာတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ အခုချိန်ထိပဲ ။ ဒါကြောင့် ကျွန်တော်တို့ နှစ်ဘက်ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာတွေတော့ အတည်ပြုလို့မရသေးပါဘူး” ဟု CDF- မတူပီ ဌာနချုပ် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ယနေ့နံနက် ၉ နာရီကျော်အချိန်က စတင်ခဲ့သော ထိုတိုက်ပွဲသည် မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျ ဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း CDF – မတူပီ တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီခန့်ကလည်း မတူပီ- ဟားခါးကားလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ကျေး ရွာကြားသို့ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF- မတူပီ တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ပြင်းထန်စွာ ဒဏ်ရာရသူတစ်ချို့ရှိခဲ့သည်ဟု CDF – မတူပီက သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ ညနေ ၃ နာရီအချိန်တွင်လည်း CDF- မတူပီနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့အကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သော်လည်း သေ ဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း CDF- မတူပီဘက် ပြောဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s