မန္တလေးမြို့က ကျောက်သမား ၄၀၀ ကျော်ကို တရားမ၀င်ကျောက်မျက် ရောင်း၀ယ်မှုဖြင့် စစ်ကောင်စီတရားစွဲ၊ ဒုတိယရုံးချိန်း ချိန်းဆိုထား

မန္တလေးမြို့က ကျောက်ဝိုင်းပြင်ပ အရောင်းအ၀ယ်လုပ်သောကြောင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့်ကျောက်သမား ၄၀၀ ကျော်ကို ယမန်နေ့က သက်ဆိုင်ရာတရားရုံးများတွင် တရားစွဲတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့တရားစွဲတင်တယ်ဆိုပြီး တရားရုံးကရှင်းပြတယ်၊ ဘယ်ပုဒ်မကဘယ်လိုဘာညာပေါ့ဗျာ၊ ညနေ ၅ နာရီလောက်မှာ ကျွန်တော့ညီကိုရုံးထုတ်တာပါ၊ တွေ့ရုံပဲတွေ့လိုက်ရတယ်၊ တရားစွဲကိစ္စတွေကရှေ့နေတွေကတစ်ဆင့်သိရတာပါ” ဟု ဖမ်းဆီးတရားစွဲခံရသူတစ်ဦး၏မိသားစု၀င်တစ်ဦးကပြောသည်။ကျောက်သမားများအား၊ ဖမ်းဆီးစဉ်ကအမှုဖွင့်ထားသည့် တရားမ၀င်ကျောက်မျက်ရတနာ ရောင်း၀ယ်မှုဥပဒေပုဒ်မ ၅၁ (ခ)၊ ၅၄ တို့ဖြင့် တရားစွဲတင်ခြင်းဖြစ်ပြီး၊ အာမခံလည်းမပေးကြောင်း သိရသည်။

ဖမ်းဆီးအမှုဖွင့်ခံထားရသည့်ကျောက်သမား ၄၀၀ ကျော်ရှိကြောင်း၊ ဘုရားကြီးအနောက်ဘက်တွင်ဖမ်းဆီးခံရသည့်ကျောက်သမားများအား မ ဟာအောင်မြေ မြို့နယ်တရားရုံးတွင်လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ၁၅ လမ်းတွင်ဖမ်းဆီးခံရသည့်ကျောက်သမားများအား အောင်မြေသာစံမြို့နယ်တရားရုံးတွင် လည်းကောင်း အသီးသီးတရားစွဲတင်ခြင်းဖြစ်ကြောင်း ရှေ့နေအသိုက်အ၀န်းထံမှသိရသည်။မန္တလေးမြို့အခြေစိုက် ကျောက်မျက်ရတနာ ရောင်း၀ယ်လုပ်ကိုင်ကြသူ (ကျောက်သမား) များကို၊ စစ်ကောင်စီက ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျောက်ဝိုင်းပြင်ပ ကျောက်အရောင်းအ၀ယ်လုပ်သည်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံကျောက်သမား ၄၀၀ ကျော်ရှိပြီး၊ ထိုအထဲတွင်တရုတ်နိုင်ငံသားများလည်းပါ၀င်ကြောင်းသိရသည်။နောက်ထပ်ရုံးချိန်းကို အောင်မြေသာစံမြို့နယ်တရားရုံးတွင်တရားစွဲတင်ခံရသည့်ကျောက်သမားများအတွက် ဇန်န၀ါရီလ ၁၀ ရက်နေ့နှင့် ၁၃ ရက်နေ့တို့ တွင်လည်းကောင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင်တရားစွဲတင်ခံရသည့် ကျောက်သမားများအတွက် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင်လည်းကောင်း ချိန်းဆိုထားကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s