မုံရွာတွင် စစ်သား ၃ ဦးသေဆုံးသော မိုင်းခွဲတိုက်ခိုက်မှုအပြီး အပြစ်မဲ့ပြည်သူ ကလေး ၂ ဦး၏ ဖခင်ကိုဇာလင်းကို စစ်တပ်က ဦးခေါင်းတေ့၍ ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်သား ၃ ဦး သေဆုံးခဲ့သော ယမန်နေ့ မိုင်းခွဲတိုက်ခိုက်မှုအပြီးတွင် အပြစ်မဲ့ပြည်သူတစ်ဦးဖြစ်သော ကိုဇာလင်းကို စစ်တပ်က လမ်းမပေါ်တွင်ပင် ဦးခေါင်းတေ့၍ ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ဇန်နဝါရီလ ၅ ရက်နေ့ မုံရွာမြို့ အာဇာနည်လမ်းနှင့်အောင်သပြေလမ်းဆုံတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသေဆုံးခဲ့ရပြီး စစ် တပ်က လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်သွားလာနေသော ကိုဇာလင်းကို လမ်းပေါ်မှာ ဦးခေါင်းတေ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပစ်သ တ်ခံရသူ ကိုဇာလင်းသည် ကလေး၂ယောက်ရှိပြီး အိမ်ထောင်ဦးစီအဖြစ် လုပ်ကိုင်ရှာဖွေကျွေးမွေးကာ ယနေ့နံနက်တွင် အလုပ်လုပ်နေစဉ်အတွင်း စစ်တပ်က အာဇာနည်လမ်းပေါ်တွင် ဦးခေါင်းတေ့ပစ်သ တ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူကိုဇာလင်းသည် စက်ပြင်အလုပ်ဖြင့် အ သက်မွေးဝမ်းကျောင်းပြုကာ အမျိုးသမီးနှင့်ကလေး၂ယောက်ရှိ၍ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ကိုဇာလင်းကို ရည်ရွယ်ချက်ရှိရှိပစ် သတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ ဝါဒဖြန့်သတင်းများတွင်မိုင်းလာထောင်စဉ် PDF တစ်ယောက်သေဆုံးကြောင်း၊ ရမ်းသမ်းပစ်ခတ်မှုကြောင့် မတော်တဆထိမိကြောင်း ဆိုသော သတင်းမှားများ ဖြန့်ချိလျက်ရှိသည်။ကိုဇာလင်းမောင်း သေ ဆုံးနေချိန်တွင် မျက်နှာဘယ်ဘက်တခြမ်းစုတ်ပြတ်နေကာ အတွင်းထဲထိထိုးဖောက်မြင်နေရသည်ကို တွေ့ရှိရ၍ စစ်တပ်က ရည် ရွယ်ချက်ရှိရှိ သ တ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းကို ယမန်နေ့ညနေပိုင်း လာထုတ်ရန် မိသားစုကို အကြောင်းကြားကြောင်း သိရှိရသည်။ကိုဇာလင်း၏ ရုပ်အလောင်းကို ယနေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s