မြိတ်တွင် စစ်ကောင်စီတပ်အား ခဲနှင့်ပေါက်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ ပစ်ခတ်ဖမ်း ဆီးခံရ

မြိတ်မြို့၊ လေတပ် အတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခဲနှင့်သွားပေါက်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသား တစ်ဦး ယမန်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရ သည်။

အဆိုပါ စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသားသည် ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခဲနှင့်ပစ်ပြီး လေယာဉ်ကွင်း လမ်းအတိုင်း လမ်းလျှောက်လာစဉ် ကင်းလှည့် စစ်ကောင်စီ တပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြိတ်မြို့ခံ တစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသားသည် အောက်ရေပုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပတ်ခတ်ခံရမှုကြောင့် ပေါင်ရိုးတွင် သေနတ် ဒဏ်ရာ တစ်ချက်နှင့် ရင်အုံတွင် တစ်ချက် ထိမှန်ကာ ၅/၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားလာသည့် ပြည်သူ တချို့လည်း ထိခိုက်မှု ရှိနိုင်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s