ရန်ကုန်၊ ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ စစ်သား ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်(ရုပ်/သံ)
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ဒေသကာ ကွယ်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၄နာရီ ၅၀ မိနစ်အချိန်တွင်ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံ ဘေးကပ်ရပ်ရှိ စစ်ကောင်စီ အင်အား အယောက် ၃၀ ခန့် တပ်စွဲထားသော ဘောလုံးကွင်းအား Area 21 ၏ မိတ်ဖတ်ညီနောင်များဖြစ်သော CGF YGN နှင့် Yangon Federal Army – YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ရန်သူ့ဘက်မှ ၁၀ ယောက်ထက်မနည်း ထိခိုက်နိုင်ကာ သေဆုံး များနိုင်ပြီး ဒေသကာကွယ်ရေးတပ်များ ထိခိုက်မှု မရှိဘဲ အောင် မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ Mission သည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပျံလွှာအောင် စစ်ဆင်ရေးတစိတ်တပိုင်း ဖြစ်ပြီး စစ်အာဏာရှင် အား အ မြစ်ပြတ် သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ khit thit