ရေဖြူမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်း ချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်  စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းဌာနချုပ်မှာ  ဇန်နဝါရီ ၅ ရက်က လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားအချင်းချင်း ရန်ဖြစ်ပြီး  ဓားထိုးမှုဖြစ်ခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်သေဆုံးသွားခဲ့တယ်လို့ အဲဒီတပ်ရဲ့ ကြေးနန်းစာအရ သိရပါတယ်။ 

ဒုအရာခံဗိုလ် မြင့်ဦး ဦးစီးတဲ့ လုံခြုံရေးအဖွဲ့ဟာ လုံခြုံရေးဆောင်ရွက်နေချိန် တပ်သား စနေမင်းနဲ့ ပြည့်စုံအောင်တို့ စကားများရန်ဖြစ်ခဲ့ကြတာပါ။  တပ်သား စနေမင်းက အသွား ၈ လက်မ အရိုး ၄ လက်မရှိတဲ့ ဓားနဲ့ တပ်သားပြည့်စုံအောင်ရဲ့ ညာဘက်ရင်ညွန့်ဘေးကို ထိုးခဲ့ပြီး တပ်သားပြည့်စုံအောင်ဟာ အဲဒီနေရာမှာတင် သေဆုံးခဲ့ပါတယ်။ 

ဓားနဲ့ ထိုးခဲ့တဲ့ တပ်သား စနေမင်းကို ဇန်နဝါရီ ၅ ရက်နေ့မှာ တပ်ရင်းဌာနချုပ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး တပ်ရင်း ဗဟိုကင်းမှာ စစ်စည်း ကမ်း အရ အရေးယူဆောင်ရွက်ဖို့ ချုပ်နောင်ထားတယ်လို့ ခမရ ၄၀၇  တပ်ရဲ့ ကြေးနန်းစာမှာ ရေးသားထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s