လေးကေ့ကော်နှင့် ဖူရူဆိုမိုဆိုတွင် ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် အကြမ်းဖက် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းဖြင့် အဖြေရှာရန် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ပေါင်းစု ဖွဲ့စည်းထားသော PPST အဖွဲ့က ယနေ့ ဇန်န ဝါရီလ ၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားသည့် ကယားပြည်နယ် ဖရူဆိုမိုဆိုကိ စ္စ၊ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်ကိစ္စနှင့် ဒေသအသီးသီးရှိ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်ကျူးလွန်မှုများကို ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချသည်ပါရှိသည် ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး (၂၃/၂၀၂၂) ဖော်ပြချက်တွင် ၂၀၂၁ တွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် မဖြေရှင်းဘဲ အင်အားသုံးဖြေရှင်းသည့်အတွက် ပြည်သူများ သေဆုံးခြင်း၊ ဒုက္ခမျိုးစုံရောက်ခြင်း၊ လူမှုစီးပွားနိမ့်ဆင်းခြင်း၊ လူငယ်များ အနာ ဂတ် ပျောက်ခြင်းကို ဝမ်းနည်းသည်ဟု ဖော်ပြထားပြီး ၂၀၂၂ တွင် လွတ်လပ်ငြိမ်းချမ်းသည့် ဒီမိုကရေစီ အရသာ ပြန်ခံစားနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး ဝိုင်းဝန်းပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံအပါအဝင် နိုင်ငံတကာ ကြားဝင်စေ့စပ်မှုကို လက်တွေ့ကျကျဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည် PPST ထုတ်ပြန်ချက်တွင်ပါရှိသည်။ khit thit