လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီး ပစ်ခတ်မှုဖြစ် စစ်ကောင်စီဘက်က ၂ဦး သေဆုံ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီးရှိ ယာဉ်ထိန်းရုံးဘေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဇန်နဝါရီလ ၆ ရက် မနက် ၉နာရီ၄၅မိနစ်အချိန်တွင် ပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း CGF – YGN အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့လုပ်ချင်တာကတော့ တစ်နေရာပေါ့၊ အဆင်မပြေဖြစ်သွားလို့ သူတို့ကို လုပ်လိုက်တာ ယာဉ်ထိန်းရုံးဘေးမှာ တပ်စွဲထားတာ သူတို့က မော်တော်ပီကယ်ပါ ပါရင် စုစုပေါင်း ခုနှစ်ယောက်ရှိတယ်။ ဝင်ပစ်လိုက်တော့ စစ်ကောင်စီက နှစ်ယောက်သေတယ်၊ မြေပြင်သတင်းတွေအရအတည်ပြုနိုင်တာပါ”ဟု CGF – YGN အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်။ ယင်းပစ်ခတ်မှုကို CGF-YGN ၏ မိတ်ဖက်ဖြစ်သော ဒေသဆိုင်ရာပြောက်ကျားတပ်ဖွဲ့ Spring Revolution Flames-SRF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကျားအဖွဲ့မှာ အန္တရယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ်၊ တောင်ငူလမ်းရှိ EPC ရုံးဘေးကပ်လျက်က ဘောလုံးကွင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s