သာကေတ EPC ရုံးအတွင်းရှိ စစ်ကောင်စီကား ဗုံးပစ် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် EPC ရုံးအတွင်းရှိ စစ်ကောင်စီ ကားပေါ်သို့ ယနေ့ ဇန်နဝါရီလ ၆ ရက် နေ့လယ်ပိုင်းတွင် ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့ဝင် တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

“EPC ရုံးထဲမှာ ရပ်ထားတဲ့ စစ်ကောင်စီတွေရဲ့ ကားပေါ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာပါ။ နေ့လယ် ၂ နာရီ ၄၅ မိနစ်ကပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ မီတာ မဆောင်ကြပါနဲ့။နောက်ပြီး စစ်ကောင်စီ တပ်တွေကိုလည်း ပြောက်ကျားနည်းနဲ့ တိုက်ခိုက်သွားဦးမှာပါ” ဟု ၎င်းက ပြော သည်။

ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးမှုကို အတိအကျ မသိရသေးပေ။သာကေတ EPC ရုံးကို မြို့ပြပြောက်ကျား အဖွဲ့သုံးဖွဲ့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အတွင်းက တိုက်ခိုက်ခဲ့သေးသည်။ ယမန်နေ့ည ၇ နာရီ ၇ မိနစ်အချိန် ကလည်း ဒေါပုံ သင်္ဘောကျင်း ရဲစခန်းတွင်းသို့ (B.F.R.A.F) အ ဖွဲ့က ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့၍ တစ်ဦးသေကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s