လှိုင်သာယာ ရုံးရှေ့မှတ်တိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပစ်ခတ်၊ ၂ ဦးသေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်တွင် ဆိုင်ကယ်နှင့်ကားများကို တားဆီးစစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ယ နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ဒေသကာကွယ် ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၉နာရီ ၄၅ မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရုံးရှေ့ မှတ်တိုင် အနီး တွင် ပြည်သူအား ဒုက္ခပေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးကို CGF -YGN ၏ မိတ်ဖက်ဖြစ်သော ဒေသဆိုင်ရာ ပျောက်ကျားတပ်ဖွဲ့ Spring Revolution Flames SRF က အနီးကပ် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ယောက် သေဆုံးပြီး တော်လှန်ရေး ညီအကို များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါး Mission သည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပျံလွှာအောင် စစ်ဆင်ရေးတစိတ်တပိုင်း ဖြစ်ပြီး စစ်အာဏာရှင် အား အ မြစ်ပြတ် သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ khit thit