Monthly Archives: Jan 2022

တပ်မ ၂၂ တွင် တပ်ပြေးများစွာ ရှိနေပြီး စာ ရင်းမပြဘဲ တပ်မမှူး၊ G1 ဒုဗိုလ်မှူး ကြီးဝေလင်းအောင် နှင့် တပ်ရင်းမှူးများ လစာလိမ်ထုတ်စား၊ G 1 နှင့်တပ်မမှူး ရာထူးတိုး ပြောင်း ရွှေ့

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ ၂၂ လက်အောက်ရှိ တပ်ရင်း တပ်ဖွဲ့ များတွင် စစ်တပ်မှ ထွက်ပြေးသူများစွာရှိနေပြီး အဆိုပါ ထွက်ပြေးသည့်စာရင်းများ တင်ပြခြင်းမရှိဘဲ တပ်မှူး၊ G 1 ဒိုယဗိုလ်မှူးကြီးဝေလင်းအောင်နှင့် တပ်ရင်းမှူးများက လစာလိမ်ထုတ်စားနေကြောင်း စစ်တပ်အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တပ်မ ၂၂ လက်အောက် တပ်ရင်းတွေမှာ တပ်ရင်း ၁ ရင်းကို စစ်ပြေး ၃၀ ကျော် ရှိတယ်။ တပ်မ G1 စစ်ဦးစီး( ပထမတန်း ) ဒုမှူးကြီးဝေလင်းအောင် နဲ့ တပ်ရငိ မှူးတွေပေါင်းပြီး ထွက်ပြေးသွားတဲ့စစ်သည်တွေရဲ့လစာတွေထုတ်ပြီးလိမ်စားနေတာ။ G1 ဒုမှူးကြီးဝေလင်းအောင် က တိုင်းမှာ အစည်း အဝေး တက် ရင် ဂါရ၀ လက်ဆောင်ပေးရတယ်ဆိုပြီး တပ်ရင်းမှူးတွေဆီက ခွင့်မဲ့ စစ်သည်တွေ လစာတွေ ကိုတောင်းတယ်လေ။ အခု G 1 ဒုမှူးကြီးဝေလင်းအောင် နတခ ပုသိမ် ကို ဗျူဟာမှူး ဖြစ်ပြီးပြောင်းသွားပြီ။

တပ်မ မှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ် လည်း G 1ပြောတာယုံတယ်” ဟု စစ်တပ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ G1 ဒုမှူးကြီး ဝေလင်းအောင်သည် ၂၀၁၉- ၂၀၂၀ ခုနှစ်ကာလ ရခိုင်တွင်တိုက်ပွဲကျသွားသည့် အရာရှိစစ်သည်များအတွက် မြ၀တီမြို့တွင် ချထားပေးသည့် မြေ ကွက်များကို သူက ယူပြီး ကျဆုံးစစ်သည်များကို ငွေကျပ် ၅ သိန်း သာပေးအပ်ခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်ကဆိုသည်။

လက်ရှိတွင် တပ်မ ၂၂ တပ်မှူးသည် စစ်တက္ကသိုလ်ကျောင်းအုပ်အဖြစ် ရာထူး တိုးပြောင်းရွှေ့သွားပြီဖြစ်ကြောင်း၊ သို့ရာတွင် စစ်ပြေးများအ တွက် လစာလိမ်ထုတ်သည့် စနစ်မှာ ကျန်ရှိနေဆဲဖြစ်ပြီး နောက်တက်လာသည့် တပ်ရင်းမှူးများက ဆက်လက် လိမ်စားကြသည်ဟု သိရှိရသည်။

“တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းလတ် က သူ့ရာထူး ထိခိုက်မှာစိုးလို့ ခွင့်မဲ့စစ်ပြေးစစ်သည်စာရင်းကို တင်ခွင့်မပြုဘူး။ အခု သူ ရာထူးတိုးပြီး စစ် တက္က သိုလ် ကျောင်းအုပ်ကြီးဖြစ်သွားပြီး” ဟု စစ်ဘက်သတင်းရပ်ကွက်က ပြော သည်။ လက်ရှိ စစ်တပ်အတွင်းတွင် စစ်သည်များနှင့် စစ် တပ် မိသားစုများ စိတ်ဓာတ်ကျဆင်းနေကြပြီး တပ်ပြေးအရေအတွက်များပြားလာကြောင်း၊ စစ်တပ်က တပ် ပြေးများပြားလာမှုကို ထိန်းချုပ်ရန် မိသားစုများကို တပ်ပြင်ပ ထွက်ခွင့်မပြုဘဲ ထိန်းချုပ်ထားကြောင်း သိရှိရသည်။

ထို့ပြင် လာမည့် ဇန်နဝါရီ ၉ ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ စစ်မျက်နှာဖွင့်ထားသော နေရာများသို့ ထုတ်နုတ် စစ်သည်များ ထပ်မံ ပေးပို့ရန် ပြင် ဆင်နေ၍ စစ်သည်များနှင့် စစ်သည်မိသားစုများ စိုးရိမ်နေကြကြောင်း၊ အများစုမှာ တိုက်ပွဲ ရှေ့တန်းမသွားလိုကြဘဲ မိသားစုအလိုက် ထွက် ပြေးလိုကြကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။ khit thit

သာကေတ EPC ရုံးအတွင်းရှိ စစ်ကောင်စီကား ဗုံးပစ် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် EPC ရုံးအတွင်းရှိ စစ်ကောင်စီ ကားပေါ်သို့ ယနေ့ ဇန်နဝါရီလ ၆ ရက် နေ့လယ်ပိုင်းတွင် ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့ဝင် တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

“EPC ရုံးထဲမှာ ရပ်ထားတဲ့ စစ်ကောင်စီတွေရဲ့ ကားပေါ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာပါ။ နေ့လယ် ၂ နာရီ ၄၅ မိနစ်ကပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ မီတာ မဆောင်ကြပါနဲ့။နောက်ပြီး စစ်ကောင်စီ တပ်တွေကိုလည်း ပြောက်ကျားနည်းနဲ့ တိုက်ခိုက်သွားဦးမှာပါ” ဟု ၎င်းက ပြော သည်။

ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးမှုကို အတိအကျ မသိရသေးပေ။သာကေတ EPC ရုံးကို မြို့ပြပြောက်ကျား အဖွဲ့သုံးဖွဲ့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အတွင်းက တိုက်ခိုက်ခဲ့သေးသည်။ ယမန်နေ့ည ၇ နာရီ ၇ မိနစ်အချိန် ကလည်း ဒေါပုံ သင်္ဘောကျင်း ရဲစခန်းတွင်းသို့ (B.F.R.A.F) အ ဖွဲ့က ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့၍ တစ်ဦးသေကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ mizzima

ကျိုက်ထို EPC ရုံး ဗုံးပေါက်၊ ဝန်ထမ်း ၅ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လျှပ်စစ် EPC ရုံးမှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်း ၅ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

EPC ရုံးအတွင်းက လျှပ်စစ်မီတာ ကောက်ခံရေး အဆောက်အအုံ ခေါင်းမိုးပေါ်ကို အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက ဗုံးလာရောက် ပစ်သွင်းပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်မီတာကောက်ခံရေးအဆောက်အအုံ ခေါင်းမိုးထိခိုက် ပျက်စီးခဲ့သလို ရုံးအတွင်းရှိနေတဲ့ မီတာကောက်ခံရေးဌာနက ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဝန်ထမ်းတွေကိုတော့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ လျှပ်စစ်ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြို့နယ်လျှပ်စစ်ရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်က ရုံးဝင်း အတွင်းနဲ့ လမ်းသွားလမ်းလာတချို့ကို စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း ကျိုက်ထိုမြို့နယ် EPC ရုံးဝင်းအတွင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်း နေအိမ် ဗုံးပစ်သွင်းခံခဲ့ရပြီးနောက် လူထိခိုက်ဒဏ်ရာ ရတာ မရှိပေမယ့် နေအိမ်အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ DVB

တော်လှန်ရေးအတွက် ငွေကျပ် သိန်း ၈၀၀၀ ရရှိရေး စီမံချက်အတွက် အလှူခံမှု CLICK2DONATE ကစတင်လုပ်ဆောင်၊ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပါဝင်လှူဒါန်းနိုင်

အကြမ်းဖက်စစ်ကောင်စီ တော်လှန်‌ရေးတွင် ပြည်သူအများပါဝင်လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးနေသည့် CLICK2DONATE က တော်လှန်ရေးအတွက် ထောက် ပံ့ရေး ပိုမိုလုပ်ဆောင်နိုင်ရန် သိန်း ရှစ်ထောင်ရရှိရေး စီမံချက်ကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း (တစ်ပတ်တိ တိ) ပြည်ပနိုင်ငံပေါင်း ၁၅ နိုင်ငံအပြင် နိုင်ငံတကာငွေလွှဲများနှင့်ပါ လှူဒါန်းနိုင်ရန် လုပ်ဆောင်ထားကြောင်း သိရှိရသည် တစ်ပတ်အတွင်း သိန်း ရှစ်ထောင်ရရှိရန် မျှော်မှန်းထားပြီး မျှော်မှန်းထားသည့်အတိုင်း ရရှိပါက အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ရာမည့်စစ်ရေးအတွက်အသုံး ဝင်မည်ဖြစ်ကြောင်း ၊ ရရှိသည့် လှူဒါန်းငွေများကို အဖွဲ့ ၂ ဖွဲ့ထံသို့ ထိရောက်စွာ ပေးပို့သွားမည်ဖြစ်ကြောင်း CLICK2DONATE ကဆိုသည်။

အဆိုပါ ပရောဂျက်ကို People of Evolving Myanmar, WE LOVE MOTHERLAND(KOREA) အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် သည် ဟု ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအနှံ့မှ ပါဝင်လှူဒါန်းလိုသူများ https://pyithuarr.com , https://tooez4you.com တို့တွင် ဘဏ်အကောင့်လင့်များ ရယူနိုင်မည် ဖြစ်သည်။ khit thit

ဇီးကုန်းမြို့နယ်တွင် ရဲဆိုင်ကယ်ယာဉ်တန်း အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ စစ်တပ်ပိုင် MEC သကြားစက်ဝင်းမှ ထွက်လာသော ရဲဆိုင်ကယ် ယာဉ်တန်းကို ကန့်ဘလူ ပြောက်ကျားတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲသုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်စွဲထားသည့် အဆိုပါ သကြားစက်မှ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ပေကြီးကျေးရွာနှင့် ယမနေရွာကြား ကြံစိုက်ထားသော ကွင်းအမှတ် (၉) သို့ ထွက်လာသည့် ရဲအင်အား ၁၀ ဦးပါ ဆိုင်ကယ် ငါးစီးကို ထနောင်းကိုင်းရွာ လမ်းခွဲအရောက်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ ”ဆိုင်ကယ်တွေနဲ့လေ၊ ကပ်မစီးဘူး ခွာပြီးစီးတာ ဝါးတစ်ရိုက်စာပေါ့။ မိုင်းထိတဲ့ ဆိုင်ကယ်တွေက လွင့်ပြီး သုံးယောက် ထိသွားတာ။

အဲ့နားတင် တန်းမသေတော့ ဆိုင်ကယ်တွေနဲ့ တင်သွားတယ်။ ကျန်တဲ့သူတွေက ရမ်းသန်းပြန်ပစ်ပြီး ထွက်ပြေးကြတာ” ဟု မိုင်းခွဲ တိုက်ခိုက်ခဲ့သည့် Kanbalu Underground Warriors (KBU-UG) အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ယင်းသို့ ရဲများက ပြန်လည် ပစ်ခတ်မှုများ ရှိသော် လည်း ပြောက်ကျားအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ စခန်းသို့ ကောင်းမွန်စွာ ပြန်လည် ရောက်ရှိခဲ့ကြောင်း ဆိုသည်။အဝေးထိန်းမိုင်း ငါးလုံး ပေါက် ကွဲမှုကြောင့် ရဲတပ်သား သုံးဦး ထိခိုက်ခဲ့ပြီး စပါးခင်း အတွင်းရှိ ပြည်သူပိုင် ကောက်ရိုးထုံးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ mizzima

ဇေယျာတိုင်းမ်သတင်းဌာနဒု-အယ်ဒီတာချုပ် ကိုပြည့်ဖြိုးအောင်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

စစ်ကိုင်းမြို့ အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ကို စစ်ကိုင်းမြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုပြည့်ဖြိုးအောင်ဟာ အောက်တိုဘာလ ဒုတိယပတ်ထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ရွှေဘိုအကျဉ်းထောင်မှာ ၃ လ နီးပါး ချုပ်နှောင်ခံခဲ့ရပါတယ်။

ကိုပြည့်ဖြိုးအောင်ရဲ့ ရှေ့နေက “အမှုက တချို့သက်သေတွေကို စစ်တယ်။ တချို့သက်သေတွေကို ပယ်တယ်။ စွဲချက်မှာတင် သူတို့ စွပ်စွဲချက်ကို မငြင်းတာကြောင့် ဒီနေ့ ရွှေဘိုထောင်မှာ အမိန့်ချလိုက်တယ်” လို့ ပြောပါတယ်။

ဇေယျာတိုင်းမ်သတင်းဌာနအနေနဲ့ စစ်ကောင်စီကို အာဏာသိမ်းစစ်ကောင်စီအဖြစ်သုံးစွဲတာ၊ NUG/CRPH ရဲ့ သတင်းတွေကို ဖော်ပြတာ၊ ပြည်သူ့ဝန်ထမ်းတွေကို CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာ စတဲ့အချက်တွေကြောင့် ဌာနရဲ့ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်တို့ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားခံထားရတယ်လို့ သိရပါတယ်။

ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်အဖြစ်လုပ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ဟာ မန္တလေးအလင်းသတင်းစာ၊ ရတနာပုံနေ့စဉ်၊ Voice Of Myanmar စတဲ့ သတင်းဌာနတွေမှာလည်း သတင်းထောက်အဖြစ် လုပ်ခဲ့ပါတယ်။ DVB

လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာဟုဆို၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နှင့် ပန်ကန်း ရပ်ကွက်များအတွင်း ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီခွဲမှ စ၍ အ ကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာခဲ့ကာ လွိုင်ကော်နှင့် ဒီးမော့ဆိုကြား ၅ မိုင်၊ ၆ မိုင်ရှိ အများပြည်သူနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးကြောင်း သတင်းရရှိသည်။

ယနေ့ လွိုင်ကော်မြို့တွင်းဖြစ်ပွားသော တိုက်ပွဲတွင် KDF၊ KNDF၊ GZ 21 Loikaw တပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း Karenni Democratic Front က သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ရာ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရသလို နေအိမ်အချို့ပျက်စီးခဲ့သည့်အပြင် လွိုင်ကော်-ဒီးမော့ဆိုကားလမ်းပေါ်ရှိ ၅မိုင်၊ ၆ မိုင်ရှိ နေအိမ်အချို့ကိုလည်း အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ khit thit

ဒေါပုံမြို့နယ်တွင် အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ကျည်စုရပ်ကွက် တွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေးဟု ယူဆခံထားရသူ အမျိုးသမီးတစ်ဦး ယနေ့ ဇန်နဝါ ရီလ ၆ ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ် ခံရသည်။“သူ့နာမည်က မချိုလို့ ခေါ်တယ်။ မနက် ၇ နာရီကျော်လောက်မှာ ဒေါပုံ အ.လ.က (၂) ကျောင်းနားမှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ တချို့ကလည်း လေးချက်လို့ ပြောတယ်။ တချို့ကလည်း ခြောက်ချက် အပစ်ခံရတယ်လို့ ပြော တယ် ” ဟု ကနဦး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ဒေါ်ခင်စန်းလွင် (ခေါ်) ချိုမာသည် သေနတ်ပစ်ခတ် ခံရကာ နားထင်ပေါက် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု အခင်းဖြစ်ရာ နေရာအနီးရှိ ပြည်သူများ ထံက သိရသည်။ ၎င်း၏ အလောင်းကို စစ်ကောင်စီ တပ်သားများက သယ်ဆောင်သွားပြီး သူမ ပစ်ခတ် ခံရသည့် နေရာတွင်လည်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“သူက စစ်ကောင်စီ နဲ့ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့ ပူးပေါင်းပြီး informer အဖြစ် သတင်းပေးတဲ့ သူတစ်ယောက် ဆိုတာရယ်၊ ရပ်ကွက်ထဲက လူငယ်တွေနဲ့ နိူင်ငံရေး လှုပ်ရှားတဲ့ သူတွေကို ခြိမ်းခြောက် ပြောဆိုခဲ့တာတွေ ရှိပါတယ်။ဒီ့အပြင် လူငယ်တွေကို PDF လို့ စွပ်စွဲမှုကြောင့် ရှောင်ပြေးနေရမှုတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က သတင်းမှန်ကန်မှု ရှိ၊ မရှိ‌ကို သေချာစိစစ်ပြီး ပြုလုပ်သင့်တဲ့သူမို့ ပစ် မှတ် ထားခဲ့တာ ဖြစ်ပါတယ် ” ဟု သေနတ်ဖြင့် ပစ်ခဲ့သည့် Wolf Warriors STF (WWSTF) အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက မဇ္စ◌ျိမကို ပြောသည်။

၎င်းတို့ အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးကို ဗုံးဖြင့် ဖောက်ခွဲခဲ့သည်။ ယမန်နေ့ည ၇ နာရီ ၇ မိနစ်အချိန်ကလည်း ဒေါပုံသင်္ဘောကျင်း ရဲစခန်းတွင်းသို့ Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့က ဗုံးပစ်သွင်း တိုက် ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ တစ်ဦးသေကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒေါပုံမြိုနယ်၊ ဆေးစက်ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ mizzima

The Voice သတင်းထောက်ကို ၁၀ လ ကျော်ကြာ ရုံးထုတ်စစ်ဆေးမှုမရှိသဖြင့် မိသားစုက စိုးရိမ်နေ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်နေ The Voice ဂျာနယ် သတင်းထောက် တယောက်ကို  စစ်ကောင်စီက အင်းစိန်ထောင်မှာ ၁၀ လကျော်ကြာ ဖမ်းဆီးထားပြီး  ရုံးထုတ်စစ်ဆေးတာမရှိလို့  မိသားစုက စိုးရိမ်ပူပန်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေဖြစ်ပွားနေချိန်   ၂၀၂၁ ခု မတ်လ ၁၆ ရက်နေ့က ဥက္ကံမြို့မှာ ညဘက် မီးလန့် ဥဩသံကြားလို့ ဆိုင်ကယ်နဲ့ သတင်းရိုက်ကူးဖို့အတွက် သွားစဥ် သတင်းထောက်  ကိုမင်းမင်းအောင်ကို စစ်အုပ်စုက  ဖမ်းဆီးခဲ့တာပါ။

သူကို မီးရှို့တဲ့အထဲမှာပါတယ်လို့ စွပ်စွဲပြီး  လမ်းဘေး ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်နှက်ပြီးထားတာ ကို မိသားစုဝင်တွေ ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“အဲဒီအချိန်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေတယောက်မှမတွေ့ဘဲ တိုင်းရင်းသားညီညွတ်ရေးပါတီ(တစည) က လူတွေပဲတွေ့ရပါတယ်။ ပြီးတော့ သူ့ကို အဲ့ဒီ (တစည) ပါတီဝင်ရဲ့ အိမ်မှာပဲ ပြောင်းပြီးချုပ်နှောင်ထားပြီးမှ နောက်အင်းစိန်ထောင်ကို ပို့လိုက်တာ” လို့ သူ့မိတ်ဆွေတယောက်က ပြောပါတယ်။

အဲ့ဒိနောက် (တစည) ပါတီဝင် ဦးမြင့်သိန်းက တရားလိုပြုလုပ်ပြီး၊ ကိုမင်းမင်းအောင်အပါ လူ ၆ ဦးကို မီးရှို့မှု၊ ထိခိုက်နာကျင်စေမှု ပုဒ်မ ၄၃၆၊ (၃၃၆/၃၄) (၃၄၁/၃၂၃) တွေနဲ့ တရားစွဲဆိုထားပြီး စစွဲဆိုစဉ်က ပုဒ်မ ၅၀၅(က) ပါပေမဲ့ နောက်တော့ ၅၀၅(က)ကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီညက သူ့ကိုဖမ်းဆီးလိုက်ပြီဆိုတာ သတင်းကြားတဲ့အတွက် သူ့အမျိုးသမီးက အခင်းဖြစ်ပွားရာ နေရာကို လိုက်သွားတာခဲ့ရာမှာ ညမထွက်ရအမိန့်ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်မှာ ၁ လ အဖမ်းခံခဲ့ရပါတယ်။

အခု ကိုမင်းမင်းအောင်ကို ထောင်ဝင်စာလည်း တွေ့ခွင့်မရ၊ ရုံးထုတ်စစ်ဆေးတာလည်း မရှိတာ ၁၀ ကျော်ကြာလာတဲ့အတွက် မိသားစုက  စိုး ရိမ်နေကြတာပါ။

ကိုမင်းမင်းအောင်အလုပ်လုပ်တဲ့ The Voice သတင်းစာကလည်း ရပ်တံ့လိုက်ရတာကြောင့် မိသားစုဝင်ငွေမရှိဘဲ အခက်အခဲကြုံနေတယ်လို့ ကိုမင်းမင်းရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။  DVB

တိုက်ကြီးတွင် စစ်တပ်က ငါးအိမ်စုရွာကို ဧည့် စာရင်း ဝင်ရောက် စစ်ဆေးစဉ် တံခါးမဖွင့်ပေး ၍ဆိုကာ စိတ်ရောဂါသည် ဦးထိန်လင်းကို ပစ်သတ်ပြီး အလောင်းကို ယူဆောင်သွား

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ရှမ်းဘက် ၃လမ်း၊ ငါးအိမ်စုကျေးရွာကို ဇန်နဝါရီလ ၅ရက်နေ့ ညပိုင်းတွင် စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးစဉ် စိတ်ရောဂါသည် ဦးထိန်လင်းက အိမ်တံခါး မဖွင့်ပေး၍ဆိုကာ ပစ်သတ်ပြီး အလောင်းကို ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဇင်မင်းဝေကို ဇန်နဝါရီလ ၅ရက်နေ့တွင် အမည်မသိ သေနတ်သမားများက ပစ် ခတ်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်တပ်က ငါးအိမ်စုကျေးရွာကို ဝင်ရောက် ဧည့်စာရင်းစစ်ဆေးခြင်းဖြစ်သည်။

” ဇင်မင်းဝေက ငါးအိမ်စုကျေးရွာမှာနေတာ သူအသတ်ခံရတာက ရှမ်းဘက် ၃လမ်းမှာ သူအသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါးအိမ်စုကျေးရွာကို စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာကို စိတ်ရောဂါသည် ဦးထိန်လင်းနေတဲ့ အိမ်လည်းရောက်ရော ဦးထိန်လင်းက တံ ခါးမဖွင့်ပေးတော့ တံခါးကို ရိုက်ချိုးဝင်ပြီးတော့ စစ်တပ်က ပစ်သတ်သွားတာ ဦးထိန်လင်းက တစ်ယောက်တည်းနေတာ လူပျိုကြီး အလောင်းကိုလည်း ယူသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုသို့ စစ်တပ်က ပစ်သတ်သည့် သေနတ်သံကိုကြားသောကြောင့် အိမ်ပြင် ထွက်ရောက်ကြည့်ရှုသည့် ကျေးရွာသား ၄ ဦးကိုလည်း အကြောင့်မဲ့ဖမ်းဆီးသွားကာ စိတ်ရောဂါသည် ဦးထိန်လင်း ရုပ်အလောင်းကိုလည်း စစ်တပ်က လက်ရှိချိန်ထိ ကျေးရွာတွင်းသို့ လာရောက်ပို့ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။ khit thit

« Older Entries Recent Entries »