ကလေးမြို့တွင် စစ်ဘေးရှောင်နေရပ်ပြန် ပြည်သူ ၂ဦးကို စစ်တပ်က ပစ်သတ်၍ နေရပ်ပြန်ရန် အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာ ရန်အောင်မြင် ရပ်ကွက်တွင် ပြည်သူ နှစ်ဦးကို စစ်တပ်က ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ရက်စက်စွာ ပစ်သတ်ခဲ့ကြောင်း အဆိုပါ ရွာခံများထံက သိရသည်။သတ်ဖြတ်ခံရသူ နှစ်ဦးတွင် တစ်ဦးမှာ ဦးခေါင်း ဘယ်ဘက်ခြမ်းပဲ့ ဒဏ်ရာ အပြင် ဝမ်းဗိုက်တွင် အူများ အခွေလိုက် ထွက်ကျပြီး သေဆုံးခြင်းဖြစ်ကာ ကျန်တစ်ဦးမှာ လက်ကို ကြိုးတုပ်ခံထားရပြီး မျက်နှာဖူးရောင်နေကာ လည်ပင်းကိုပါ ကြိုးဆွဲချခံထား၍ လျှာထွက်လျက် သေဆုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ နှစ်ဦးကို ရက်စက်စွာ သတ်သွားသည့် တပ်ဖွဲ့မှာ နတ်ချောင်းရွာ ရန်ကင်း ဘုန်းတော်ကြီး ကျောင်းတွင် တပ်စွဲထားသော အရပ်ဝတ် စစ်ကောင်စီအကြမ်းဖက်သမားများ ဖြစ်ပြီး ဆိုင်ကယ် တစ်စီးကိုလည်း မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။”လက်ရှိ အချိန်ထိ နှစ်ဦးဆိုပေမယ့် နတ်ချောင်း ကာကွယ်ရေးကတော့ ရှစ်ဦးအထိရှိတယ် ပြောပါတယ်။ မနေ့က ပစ်ခတ်နေတုန်း ရွာထဲက ချက်ချင်း မပြေးနိုင်ကြတဲ့ သူတွေရှိတော့ အလောင်းကတော့ ကောက်ပြီးလောက်ပြီလို့ ယူဆရပါတယ်။

ဒါပေမယ့် ရွာထဲမှာ ဘယ်သူမှ မရှိတော့လို့ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ အတည် မပြုနိုင်ကြသေးဘူး ” ဟု အဆိုပါ Voice of Kalay မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ရွာခံများသည် တောတွင်း၌ စစ်ဘေးရှောင် နေထိုင် နေရသည်မှာ နှစ်ပတ်ခန့် ရှိပြီဖြစ်ပြီး ရွာအ ခြေအနေ အေးချမ်း တည်ငြိမ်ပြီဟူသော သတင်းကြောင့် ကျေးရွာသို့ ပြန်လည် လာရောက်ရာမှ စစ်ကောင်စီ အကြမ်းဖက် သမားများ၏ ယခု ကဲ့သို့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ရွာခံများက ဆိုသည်။

”မနေ့ကဆို ရွာမှာ အေးချမ်းပြီဆိုတဲ့ သတင်းကြားလို့ ပြန်လာကြရင်း ပစ်သတ်ခံရတဲ့ ပြည်သူတွေ ချည်း ပါပဲ။ အခုချိန်က နေရပ်ကို လုံး ဝပြန်မလာသင့်သေးပါဘူး” ဟု Voice of Kalay မှ တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း နတ်ချောင်း နတ်မြောင်းနှင့် ချောင်းဂွ ကျေးရွာတို့မှ ရွာခံများကို ဖမ်းဆီးစစ်ဆေး ရိုက်နှက်မှုများ လုပ်ခဲ့ပြီးနောက် ဒေသခံ PDF များက ဒီဇင် ဘာလ ၂၃ ရက်နေ့တွင် ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်တပ်က ရဟတ်ယာဉ်များ သုံးပြီး လာရောက်ပစ်ခတ်ခဲ့၍ ဒေသခံများမှာ ထိုအချိန်ထဲကပင် စစ်ဘေး ရှောင်နေ ကြရခြင်း ဖြစ်သည်။”စစ်ရှောင်ဦးရေက နတ်ချောင်း၊ နတ်မြောင်း နှစ်ရွာပေါင်း အိမ်ခြေ ၃၀၀ ကျော်က လူဦးရေ ၁၅၀၀ ကျော် ရှိပါတယ်။ တခြားနေရာတွေမှာလည်း စာရင်း မပေါက်တဲ့ စစ်ရှောင်ဦးရေ အများကြီး ရှိပါသေးတယ်။ တောထဲတောင်ထဲမှာ ရှောင်တိမ်းနေကြရတာ ရက်သတ္တပတ် နှစ်ပတ် ပြည့်ပြီး ဆိုတော့ ဒုက္ခတွေ‌ များပါတယ်” ဟု Voice of Kalay မှ တာဝန်ရှိသူက ပြောသည်။

အိမ်ပြန်၍ မရခြင်းကြောင့် စစ်ဘေးရှောင်များ တစ်ရက်ပြီး တစ်ရက် တိုးလာနေပြီး နားခိုရာ ကျောင်းဆောင်များပေါ်၌ ပြည့်လျှံနေကာ လှည်းများ၊ ကားများ နှင့် မိုးကာတဲ အဖီလေးများ အောက်တွင် အဆင်ပြေသလို နေထိုင်နေကြရကြောင်းလည်း ၎င်းက ပြောသည်။“ဖြစ်သလို နေ ထိုင် ကြရပါတယ်။ သိပ်မကြာခင် ရိက္ခာတွေ ပြတ်လပ်တော့မှာမို့ ဆန်၊ဆီ၊ဆား၊ စောင်၊ ငွေကြေးတွေ အရေးပေါ် လိုအပ်လျက် ရှိပါတယ်။ စားဖို့သောက်ဖို့နဲ့ ဖုန်းဘေလ်တွေကအစ လိုအပ်ပါတယ်။ ရာသီဥတုကလည်း ပိုအေးလာတယ်” ဟု ၎င်းက ဆိုသည်။

ကလေးမြို့၌ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင်မှု ကလေးမြို့ ဝောာင်ပိုင်းကျေး ရွာ ဖြစ်သော နတ်နန်း၊ အင်းစိန် ကျေးရွာများဘက်တွင် စစ်ကောင်စီ အကြမ်းဖက်သမားများ ခြေရှုပ်နေကြောင်း ဒေသခံများထံက ပြောသည်။စစ်ကောင်စီတပ်များသည် ယနေ့တွင် ကလေးနည်းပညာ တက္ကသိုလ်ဘက်မှ အဝေးပစ် အမြှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိကြောင်း ဒေသခံများထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s