ကျောင်းရှေ့လုံခြုံရေးဂိတ် ဗုံးပေါက်၊ ကျောင်း သူ တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့ပြီး ကျောင်းသူတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အထက်တန်းကျောင်းမှာ ကင်းမွန်းချောင်းကျေးရွာတွင်ရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ သည့် အပြင် ရဲတစ်ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိသည် ဟု ဒေသခံများက ပြောသည်။”ပေါက်ကွဲမှုဖြစ်သွားတာက ကျောင်းတက်တဲ့အချိန်ပေါ့။
မနက် ၈ နာရီခွဲလောက်မှာ၊ ပေါက်ကွဲမှုဖြစ်ပြီးတော့ လူတွေလည်း အကုန်လုံး ထိတ်လန့်ကုန်ကြတာပေါ့။ ကျောင်းသားတွေကိုလည်း အကုန် လုံး ကျောင်း ပြန်လွှတ် ပေး လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ဇန္နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ကင်းမွန်းချောင်းကျေးရွာ အထက ကျောင်းရှေ့ရှိ လုံခြုံရေး ကင်းတဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရရှိခဲ့သူ ၃ ဦးကို ကင်းမွန်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရပြီး ဆေးကု သမှုခံယူနေကြရသည်။ဗုံးပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ သည်ဟုလည်း ဒေသခံများက ပြောသည်။
ယနေ့တွင်လည်း အဆိုပါ ကျောင်းအနီး စစ်ဆေးမှုများ ရှိနေသေး သည်ဟု ဆိုကြသည်။ပြီးခဲ့သည့် ၂၀၂၁ ဇွန်လတုန်းကလည်း ကင်းမွန်းချောင်း အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းအဆောက်အဦအချို့ ပျက်စီးမှု ရှိခဲ့သည်။ mizzima