ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ် ၍ ၁၂ နှစ်အရွယ်ကလေးငယ် သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသခံသားအဖနှစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်သည့်အ တွက် အသက် ၁၂ အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။

ယမန်နေ့ဇန်နဝါရီလ ၆ ရက် နေ့လယ်ခင်း ၁ နာရီ ၃၅ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်နှင့် သစ်ကြားရွာကြားတွင် စစ်ကောင်စီတပ်သား၊ရဲနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှ သေနတ်ဒဏ်ရာဖြင့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်နေခဲ့ခြင်းဖြစ်သည်။ “သေနတ်မှန်ပြီး ဆိုင်ကယ်ပေါ်ကပြုတ်ကျခဲ့ပါတယ် ကလေးကိုပြန်ရှာဖို့ ခွေးတွေရဲ့ရန်ကြောင့် လုံခြုံရေးအရ ဒီနေ့(ဇန်နဝါရီလ ၇ ရက်)မှအလောင်းပြန် သွားကောက်ရပါတယ် “ဟု ထိုအဖြစ်အပျက်အား ကလေးဖခင်၏ပြောစကားကို ကိုးကားပြီး ဒေသခံတစ်ဦးကပြန်ပြောပြသည်။

ကလေးငယ်၏ ရုပ်အလောင်းအားပြန်တွေ့ချိန်တွင် ညာဘက်ရင်အုံသေနတ်ဒဏ်ရာဖြင့် ပတ်လက်အနေအထားသေဆုံးနေသည်ကိုတွေ့ရသည်။ ထိုသားအဖသည် ရွှေဘိုဘက်မှ ခင်ဦးဘက်သို့ လယ်ကွင်းများတွင် ကြွက်ထိုးရန်လာသည်ဟု သိရပြီး စစ်ကောင်စီတပ်သားများမှ အ ဝေးမှ လှမ်း၍ ပစ်ခတ်ရာ ဆိုင်ကယ်နှင့်မောင်းပြေးစဉ် ကလေးငယ်အားသေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။

ထိုသို့ပစ်ခတ်သည့် စစ်ကောင်စီတပ်သား၊ရဲနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့သည် လက်နက်အားကိုးဖြင့် ခင်ဦးမြို့နယ် ကံသစ်ရွာမှ ပြည်သူပိုင်စပါးခင်းများအား အတင်းအဓမ္မရိတ်သိမ်းယူဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s