စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး KNU တပ်မဟာ ၅ ထံတွင် ယနေ့ လက်နက်ချ အလင်းဝင်

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်တွင် တာဝန်မထမ်းဆောင်လိုတော့သည့် စစ်ကောင််စီတပ်ဖွဲ့ဝင် ၃ ဦးသည် ယနေ့ KNU တပ်မဟာ ၅ ထံတွင် လက်နက်ချ အလင်းဝင်လာကြောင်း KNU တပ်မဟာ ၅ က တရားဝင် သတင်းထုတ်ပြန်သည်။၀၀၀ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင် ဘာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ရာနေရာများသို့ အလင်းဝင်ရောက်လာသူ ၄၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများ အရ သိရသည်။

အဆိုပါ လက်နက်ချဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNLA အမှတ် ၅ တပ်မဟာမှ ပျူငှာစွာ လက်ခံကြိုဆိုထားကြောင်း၊ လက်နက်ချအလင်းဝင်လာသူများ အိမ်ပြန်ချင်သည်ဖြစ်စေ KNLA တွင် နေထိုင်လိုလျှင်ဖြစ်စေ အတတ်နိုင်ဆုံး စီစဉ်ပေးကြောင်း၊ KNLA အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ကေအဲန်ယူ-မူကြော် သတင်းစဉ်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် KNLA အမှတ် ၅ တပ်မဟာလက်အောက်ရှိ ဒေသကာကွယ် ရေးတပ်များသည် လက်နက်ချ ဝင်ရောက်လာသည့် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြည်ဖြူစွာ လက်ခံကျွေးမွေးစောင့်ရှောက်လျက်ရှိကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန် သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s