စစ်ကောင်စီတပ် မှားယွင်းပစ်ခတ်မှုကြောင့် ညောင်ပင်ဝန်း စခန်းမှူးနှင့်ရဲတပ်သား ဒဏ်ရာရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာ နဲ့ နုံးတွင်းရွာကြားမှာ ဇန်နဝါရီ ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်တွေ မှားယွင်းပစ်ခတ်မှုကြောင့် ညောင်ပင်ဝန်းစခန်းမှူးနဲ့ ရဲတပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်ဝန်းဒေသခံတစ်ဦးက “ရဲနှစ်ဦးနဲ့သတင်းပေးတစ်ဦးတို့ လိုက်ပါလာတဲ့ကားကို တားဆီးရာမှာ ရပ်မပေးဘဲ မောင်းပြေးသွားလို့ စစ်ကောင်စီတပ်တွေက ပစ်ခတ်အတွက် ညောင်ပင်ဝန်းစခန်းမှူး နဲ့ ရဲတပ်သားတစ်ဦးက ဒဏ်ရတယ်။ ဒလန်လို့သတ်မှတ်ခံရသူက သေဆုံးသွားတယ်” လို့ ပြောပါတယ်။

စခန်းမှူးအပါအဝင် ၃ ဦးဟာ နွားကားတွေကို ပိုက်ဆံတောင်းပြီးအပြန်မှာ အခုလို ပစ်ခတ်ခံရတာလို့ ဆိုပါတယ္။

“ညစဉ်နွားကားများ ပိုက်ဆံတောင်းလေ့ရှိတယ်။ အခုလည်း ပိုက်ဆံတောင်းပြီးလို့အပြန် ကင်းပုန်းဝပ်စစ်ကောင်စီတပ်သားတွေက မှားယွင်းပစ်ခတ်ခဲ့တာ။”  

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်မှာ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ အရပ်ဘက်အဖွဲ့အ စည်းတွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s