စစ်တပ်နဲ့ ဆက်စပ်လုပ်နေတဲ့ စီးပွားရေးလုပ် ငန်းတွေကို တားဆီးပေးဖို့ ဂျပန်အစိုးရထံ ပြည်သူများ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုနိုင်

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရပ်တန့်နိုင်ဖို့အတွက် စစ်ေကာင်စီနဲ့ ဆက်လက်လုပ်ကိုင်ေနတဲ့ စီးပွားရေးလုပ်ငန်းတွေကို တားဆီးပေးရေး ဂျပန်အစိုးရထံ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ Justice for Myanmar က နှိုးဆော်လိုက်ပါတယ်။ဒီလှုပ်ရှားမှုမှာ ပြည်သူတွေကိုယ်တိုင် လက်မှတ်ေရးထိုးပါဝင်တောင်းဆိုနိုင်ပြီး လက်မှတ်ရေးထိုးပုံ အဆင့်ဆင့်ကိုလည်း ပုံနဲ့တကွ ရှင်းပြထားပါတယ်။လက်မှတ်ရေးထိုးတောင်းဆိုမှုကို FoE Japan, JVC, Mekong Watch, NAJAT, ayus တို့က ကမကထပြု လှုံ့ဆော်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကာလမှာ အရှိန်မြင့်တက်လာပြီး သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးအတွက် နိုင်ငံတကာချေးငွေ ယန်း ၁,၀၀၀ ဘီလျံနီးပါးအထိ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာပါ။ဂျပန်နိုင်ငံဟာ မြန်မာအတွက် အကြီးမားဆုံး ေထာက်ပံ့နေ နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းတွေ၊ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွေအထိပါ ဆောင်ရွက်ပေးနေတာဖြစ်ပေမယ့် ဒီလိုဆောင်ရွက်ပေးမှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပါဝင်နေခဲ့ပါတယ်။
ဂျပန်အစိုးရအနေနဲ့ကတော့ မြန်မာစပ်တပ်နဲ့ အကျိုးစီးပွားမပြုဖို့ နိုင်ငံတကာ ကတိကဝတ်တစ်ရပ် ပြုထားပါတယ်။ဒါ့ကြောင့်လည်း ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ညှင်းပန်းသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အထောက်အပံ့ ဖြစ်စေတာမျိုး မပြုလုပ်မိစေဖို့ တောင်းဆိုတယ်လို့ JFM က ဆိုထားပါတယ်။ဒီလိုတောင်းဆိုမှုကို ဂျပန်အစိုးရအနေနဲ့ အလေးနက်ထား နားထောင်ပေးပြီး တိကျတဲ့အရေးယူမှုတွေ လုပ်ဆောင်ပေးခြင်းနဲ့အတူ အရေးယူမှု လုပ်ဆောင်ချက်တွေကိုလည်း မြန်မာပြည်သူတွေ သိနိုင်အောင် ရှင်းလင်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။မြန်မာစစ်တပ်အတွက် အကျိုးအမြတ် များေစနိုင်တဲ့ လုပ်ငန်းေတွနဲ့ပတ်သက်ပြီး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က နိုင်ငံတကာချေးငွေ(ယန်း)နဲ့ ထောက်ပံ့နေတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ပဲခူးတံတားဆောက်လုပ်ရေးဟာ မြန် မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပတ်သက်နေတာကြောင့် ဆက်ဆံရေးလုပ်ငန်းတွေကို ဖြတ်တောက်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
နောက်ထပ်လုပ်ငန်းတစ်ခုအနေနဲ့ကတော့ ထင်ရှားတဲ့ သီလဝါစီးပွားရေးဇုန်ဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုကနေ ရရှိမယ့်အကျိုးစီးပွားတွေဟာ လက်ရှိ ချုပ်ကိုင်ထားတဲ့ စစ်တပ်လက်ထဲကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ဂျပန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေပေါ်မှာ တည်ဆောက်ေနတဲ့ Y Complex အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရဲ့ မြေငှားရမ်းခတွေဟာလည်း စစ်တပ်လက်ထဲကို ရောက်ရှိသွားမှာဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။
ဒီစီမံကိန်းဟာ ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ Japan Bank for International Cooperation (JBIC) က ရန်ပုံငွေပံ့ပိုးပေးထားပြီး Japan Overseas Infrastructure Investment Corporation for Transport and Urban Development (JOIN) က ရင်းနှီး မြှုပ်နှံမှုနဲ့ အာမခံပေးထားတဲ့ လုပ်ငန်းဖြစ်ပါတယ်။Thilawa Port Terminal Operation Project ဟာလည်း JOIN ရဲ့ ဆက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကို အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားတာကြောင့် ရပ်တန့်ပေးဖို့ တောင်းဆိုတယ်လို့ JFM က ထုတ်ပြန်ပါတယ်။
တဆက်တည်းမှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေပေါ်မှာ ဆောက်လုပ်နေတဲ့ ရန်ကင်းမြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရဲ့ မြေငှားရမ်းခတွေဟာလည်း စစ်တပ်ထံ ရောက်ရှိနေတာကြောင့် တားဆီးပေးဖို့ ဒါမှမဟုတ် စီမံကိန်း ရုပ်သိမ်းပေးဖို့ လိုအပ်နေတာပါ။ရန်ကုန် “လမ်းမတော်စီမံကိန်း”လုပ်ငန်း အမြတ်အစွန်းတွေ အပါအဝင် မြန်မာစစ်တပ်ကိုအကျိုးပြုခြင်း ရှိ / မရှိ စုံစမ်းစစ်ဆေးပြီး ရှိနေပါက တားဆီးပေးဖို့နဲ့ တား ဆီးဖို့ မဖြစ်နိုင်ပါက လုပ်ငန်းက နှုတ်ထွက် ပေးပါဖို့ကိုလည်း တောင်းဆိုထားပါတယ်။
နောက်ဆုံးအနေနဲ့ တင်ပို့ကုန်တစ်ခုဖြစ်တဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဟာ လက်ရှိ စစ်တပ်ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတာပါ။အဆိုပါ စီမံကိန်းမှာ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း ကတစ်ဆင့် စစ်တပ်ကို အကျိုးအမြတ်ရရှိစေပါတယ်။
ဒါ့ကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် မရမချင်း စီမံကိန်းက ရရှိမယ့် အမြတ်အစွန်းတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ထိန်းချုပ်ထားဖို့ လုပ်ဆောင်သင့်တယ်လို့ JFM က ဆိုပါတယ်။
ပါဝင်လက်မှတ်ထိုးရန် Link https://bit.ly/31qqzYW khit thit