ဒီမော့ဆိုတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ သံချပ်ကာကားများပါ အသုံးပြု ထိုးစစ်ဆင်၊ စစ်တပ်ဘက်မှ ၈ ဦးထက်မနည်းသေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် လွိုင်ကော်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အား အများအပြားသုံး၍ ထိုးစစ်ဆင်လျက်ရှိပြီး သံချပ်ကာ ကား များ ပါ အသုံးပြုနေပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်းသေဆုံးကြောင်း Karenni People Defense Force – KPDFထံမှ သိရှိသည်။

ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၆မိုင် နှင့် ဒေါပိုးစီကျေးရွာသို့ လက်နက်ကြီးစများစတင်ပစ်ခတ်ပြီး နံ နက် ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်ကာ ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း Karenni People Defense Force – KPDFက သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအထိနာသဖြင့် လွိုင်ကော်မှ သံချပ်ကား ၃ စီးအပါ အဝင် အင်အားအပြည့်ပါစစ်သုံးကား ၂ စီးဖြင့် စစ်ကူများထပ်မံပို့ဆောင်ပြီး ညနေ၄ နာရီအထိ တိုက် ပွဲများဆက်လက်ပြင်းထန်ခဲ့ကာ ပြည်သူ့နေအိမ် (၈)လုံးအထိ မီးလောင်ပျက်ဆီးမှုရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၈ဦးထပ်မနည်းသေဆုံးပြီး အ မြောက်အမြားဒဏ်ရာရရှိခဲ့ကြောင်း သိ ရှိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဒေါပိုးစီအနီးတစ်ဝိုက်တွင် အင်အားများဆက်လက်ဖြည့်တင်းလျက်ရှိပြီး သာလွန်အင် အားဖြင့် မြေပြင်အသာစီးရရယူရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s