မင်းအောင်လှိုင်၏ ၉ လအရွယ် မြေးဖြစ်သူ၏ မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသရန် အိန္ဒိယ နှလုံးအထူးကုဆရာဝန် ၂ ဦး ရန်ကုန်သို့ ခေါ်ယူ ခွဲစိတ်ကုသ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုးလအရွယ် မြေးဖြစ်သူ၏ မွေးရာပါ နှလုံးရောဂါကို အိန္ဒိယမှ နှလုံးအထူးကုဆရာဝန် ၂ ဦးခေါ်ယူ ခွဲစိတ်ကုသရကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

မင်းအောင်လှိုင် မြေး၏ မွေးရာပါ နှလုံးရောဂါကို ခွဲစိတ်ကုသရန် အိန္ဒိယ Rainbow Children’s Heart Instituteမှ အကြီးတန်း နှလုံးရောဂါ အထူးကု ဆရာဝန် နှစ်ဦး ဖြစ်သော ဒေါက်တာ Nageswara Rao Koneti နှင့် Dr. Shweta Bakhru တို့ကို လေ ယာဉ်ဖြင့် ရန်ကုန်သို့ ခေါ်ယူခွဲစိတ်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မင်းအောင်လှိုင်၏မြေးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒေါက်တာ Rao ၏ ပြောဆိုချက်အရ သိရှိရသည်။

“ကိုးလသား ကလေးက မွေးရာပါ နှလုံးရောဂါ ခံစားနေရတယ်။နှလုံးကို ခွဲစိတ်မှု လုပ်ဆောင်ခဲ့ပါတယ်။ ကလေးက နောက်နေ့ ခွဲစိတ်မှုအပြီး ဆေးရုံက ဆင်းပြီး ကောင်းကောင်းနေကောင်းစပြုနေပြီ” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အလားတူ ခရီးစဉ်တွင် အိန္ဒိယဆ ရာဝန်အဖွဲ့က မွေးရာပါ နှလုံးရောဂါ ခံစားနေရသော နောက်ထပ် ကလေးငယ် ၁၅ ဦးကို ခွဲစိတ်ကုသမှု လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသမ္မတဟောင်း ဒေါက်တာ A.P.J. Abdul Kalam သည် Care Foundation ၏ အကူအညီဖြင့် India နှင့် Myanmar အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကလေးနှလုံးရောဂါခွဲစိတ်ကုသမှုဆိုင်ရာ သင်တန်းများပေးနေကြောင်း၊ ဆရာဝန် ၁၀ ဦး ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s