မတူပီတိုက်ပွဲအတွင်း ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြု

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့မနက်ပိုင်းက  ညီနောင်မဟာမိတ် CDF ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူ ၇ ယောက်အား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့ မတူပီ CDF ကနေ သိရပါတယ်။

မတူပီ-ဟားခါးလမ်း ကီလှုန်းရွာနဲ့ လုံလှောရွာဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မနေ့မနက် ၉ နာရီကျော်လောက်မှာ မတူပီ CDF၊ CDF (Zotung) နဲ့ CDF (Lautu)  ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ မတူပီ CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ကီလှုန်းရွာကနေ လုံလှောရွာဘက်ကိုသွားတဲ့ ဒေသခံပြည်သူ ၇ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး လူ သား ဒိုင်းအဖြစ် အသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲအခြေနေ တင်းမာနေတာကြောင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို အတည်မပြုနိုင်သေးဘဲ CDF ညီနောင်မဟာမိတ်တွေဘက်က ထိခိုက်ကျဆုံးသူ မရှိဘူးလို့ ဆိုပါတယ်။

မတူပီမြို့နယ်မှာ ဇန်နဝါရီ ၄ ရက်နေ့ကလည်း မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ယောက်အပါဝင် ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ အခြေနေနဲ့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s