ရေး -မော်လမြိုင် ကားလမ်း၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ အနည်းဆုံး ၁၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့ကနေ  မော်လမြိုင်ဘက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို  ဇန်နဝါရီ ၆ ရက်မနက်မှာ  ရေး PDF  မြောက်ပိုင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့  တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် မနက် ၈ နာရီခွဲလောက်ကလည်း အဆိုပါ ရေး-မော်လမြိုင် သွားကားလမ်းမှာ စစ်ကောင်စီစစ်ယာဉ်တန်းကို ရေးမြို့ နယ် လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေကျေးရွာနားမှာ ရေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား  ၉ ဦး သေဆုံးခဲ့တယ်လို့ ရေး PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

ရေး – မော်လမြိုင်သွားကားလမ်း မပေါ်မှာ ရေး PDF နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့ ပစ်ခတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s