ရှားတောမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်တောင်တပ်စခန်းကို KA တိုက်ခိုက်သိမ်းပိုက်ပြီး စစ် သား ၄ ဦး အရှင်ဖမ်းမိ၊ စစ်ကောင်စီက လေ ကြောင်းမှတဆင့် ပြန်လည်တိုက်ခိုက်၊ ယင်းစခန်းကို လက်မလွှတ်ဟုပြော

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ နန်းပန်ချောင်းအနီးရှိ စစ်ကောင်စီ၏ နတ်တောင် တပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် ကရင်နီတပ်မတော် KA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများကြောင်း စစ်ကောင်စီတပ်သား ၄ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်နီတပ်မတော် KA ထံမှ သိရှိရသည်။

“စခန်းသိမ်းနိုင်တယ်ပေါ့နော်၊ အရှင်မိတာတွေလည်း ရှိတယ်၊ စစ်သားသေဆုံးစာရင်း အတိအကျကတော့ ကျနော်တို့ဆီ မရောက်သေးဘူး” ဟု KA/KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။အဆိုပါ စစ်ကောင်စီစခန်းသည် ကရင်နီတပ်မတော် KA/KNPP ထိန်းချုပ်နယ်မြေဖြစ်သည့် တလဲဒဆို (ခေါ်) ညာမိုစခန်း အနီးတွင် တည်ရှိကြောင်းနှင့် ယနေ့နံနက် ၈ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ စခန်းသိမ်းပြီးတာနဲ့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ လာပစ်တယ်ပေါ့၊ ကျနော်တို့ ညာမိုစခန်းဘက်ကိုလည်း ဗုံးလာကြဲတယ်၊ အဲဒါ ကျနော်တို့ စခန်းကို မကျဘဲ ညာမိုစခန်းနဲ့ ကပ်နေတဲ့ စစ်ကောင်စီရဲ့ ကာကင်းကုန်းတွေပေါ် ပြန်ကျတယ်၊ နှစ်ခါနာ ဖြစ်တာပေါ့” ဟု ဦးအောင်ဆန်းမြင့်က ဆက်လက်ပြောဆိုသည်။

သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော်က ပြန်လည်လက်လွှတ်မည်မဟုတ်ကြောင်းနှင့် စစ်ကောင်စီတပ်သား ၄ ဦးကို အရှင်ဖမ်းမိထားကြောင်း Kn.A.C က လူမှုကွန်ရက်တွင် ရေးသားထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s