လွိုင်ကော်-ရှားတောကားလမ်းကို ဇန်နဝါရီလ ၁၃ ရက်ထိ သွားလာခွင့် ပိတ်ထားမည်ဟု KND F တပ်ရင်း ၁၄ ထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မှ ရှားတောသို့ ဆက်သွယ်ထားသည့် ကားလမ်းကို ဇန်နဝါရီလ ၇ ရက် ယနေ့မှ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၁၄ က ယနေ့ ထုတ်ပြန်သည်။

ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရန်အတွက် ယခုလို သွားလာခွင့်ပိတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ စတင်ကာ လွိုင်ကော်မှတဆင့် ရှားတောဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ လမ်းတလျှောက်တွင် လက်နက်ကြီး/ငယ်များ ရမ်းသန်းပစ်ခတ်ခြင်း၊ ပါလောင်းကျေးရွာတွင် တပ်စွဲကာ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများခိုးယူခြင်း၊ အိမ်အချို့ကို ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း၊ စစ်ကြောင်းထိုးရာလမ်းတလျှောက်တွင်လည်း ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တပ်ရင်း ၁၄ က ထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၈ နာရီမှ စတင်ကာ မွန်းလွဲ ၃ နာရီခွဲခန့်အထိ လွိုင်ကော်-ဒီးမော့ဆိုကြား ဒေါပိုးစီကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၈ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း၊ သေဆုံးစစ်သားအလောင်းများကို နေအိမ်များအတွင်း ထည့်သွင်းကာ မီးရှို့ခဲ့ကြောင်း၊ အထိနာသော စစ်ကောင်စီတပ်သည် သံချပ်ကာအမြှောက်ကားများပါ အသုံးပြုကြောင်း KNDF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s