အရာတော်ဘက်မှ လာသည့် အကြမ်းဖက် စစ်ကောင်စီခြေလျင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီဝင် ၆ ဦးသေ

အရာတော်-ဝက်လက်နယ်စပ်, မူးမြစ်ကူး သမရိုးတံတားအနီးတွင် အရာတော်ဘက်မှ ဆင်းလာသည့် အင်အား ၄၀ ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဝက်လက် ပကဖ၊ တပ်ရင်း၁ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေသွားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ခိုက်မှုတွင် ဝက်လက်ဘက်မှ စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီ ကားတစ်စီးကို ရွှေပန်းကုံးရွာနှင့် သမရိုးရွာကြားတွင် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ က ထပ်မံ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်။

စစ်ကူကား စောင့်ဆိုင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင် စစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များက နာရီဝက်ခန့် ပစ် ခတ်မှု ပြုခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း မုံရွာဆေးရုံတွင် သေဆုံးသွားပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က နောက်ဆက်တွဲ သတင်းအနေနှင့် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s