၀က်လက်တွင် စစ်ကောင်စီခြေလျင်စစ် ကြောင်း မိုင်းဆွဲခံရ၊ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် သမ္မာရိုးတံတားထိပ်မှာ မနေ့က စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိတစ်ဦးအပါအဝင် တပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းနဲ့ အရာတော်နယ်စပ် သမ္မာရိုးတံတား အနောက်ဘက်ထိပ်မှာ ခြေလျင်လာတဲ့ စစ်ကောင်စီ အင်အား ၄၀ လောက်ကို မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အရာရှိတစ်ဦး အပါအဝင် တပ်သား ၄ ဦးကျဆုံးပြီး မိနစ် ၃၀ လောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာ ကွယ်ရေးတပ်သားတွေ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် ဝက်လက်မြို့နယ်ဘက်ကနေ စစ်ကူလာတဲ့ယာဉ်ကိုလည်း မနက် ၁၀ နာရီခွဲလောက်က ရွှေပန်းကုံးရွာနဲ့သမ္မာရိုးရွာကြား ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ညက ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ရဟတ်ယာဉ် ၂ စီးသုံးပြီး တိုက်ခိုက်တာကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

သမ္မာရိုးတံတားဟာ ရွှေဘို-အရာတော်- မုံရွာ လမ်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီတပ်နဲ့  ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ပစ်ခတ်တိုက် ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သ တင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s