မင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးမှု မြန်မာ နိုင်ငံအတွက် အကျိုးမရှိနိုင်၍ ပြည်သူများ ဒေါသထွက်၊ စစ်ခေါင်းဆောင်များကို လူ့အသိုင်းအ၀ိုင်းမှ ဖယ်ကျဉ်ရမည်ဟု CRPH က ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်အနေဖြင့် အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွက် အကျိုးမရှိနိုင်၍ ပြည်သူများ ဒေါသထွက်နေကြပြီး လူသတ် အကြမ်းဖက် စစ်ခေါင်းဆောင်များကို လူ့အသိုင်းအ၀ိုင်းမှ ဖယ်ကျဉ်ရမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ စ၍ မြန်မာပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအား ထုတ်မှုများကို လေးစားလိုက်နာရန် အထူးတိုက်တွန်းကြောင်း CRPH က ပြောသည်။
မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေသော ပြဿနာများသည် အတ္တဆန်သော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကြောင့်သာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး မြန်မာပြည်သူ များအပေါ်၌ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်း ဖက်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင်များအား လူ့အသိုက်အဝိုင်းမှ ဖယ်ကျဉ်ထားရမည် ဖြစ် ပြီး ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ကြောင်း CRPH က ထောက်ပြသည်။
မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး အာဆီယံခေါင်းဆောင်များက သဘောတူညီထားသည့် ဘုံသဘော တူညီချက် (၅) ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တည်ရှိပြီးသော ဆက်ဆံရေး ကောင်းများနှင့် တည်ဆောက်ထားခဲ့သည့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများကို ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့အပါအဝင် တရားဝင် အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင် ရွက်ရန် ထပ်မံတိုက်တွန်းပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးနေသည့် တရားဝင်အဖွဲ့အစည်းဖြစ်ခြင်းကြောင့် မြန်မာပြည်သူ တို့၏ ဆန္ဒသဘောနှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း CRPH က ထုတ်ပြန်သည်။ khit thit