ဟွန်ဆင် မြန်မာနိုင်ငံလာသည့်နေ့ ရန်ကုန်နှင့်မန္တလေးတွင် ဗုံးများပေါက်ကွဲ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီမည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် မြန်မာနိုင်ငံကို လာရောက်သည့် ယနေ့ ဇန် နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း ရန်ကုန်နှင့် မန္တလေးတွင်ဗုံးများပေါက်ကွဲကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့ ပြည်တော်သာလမ်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲလိုင်းခန်းကို ယနေ့မနက် ၆နာရီ၅၀မိနစ် အချိန်တွင် ဗုံးဖောက်ခွဲလိုက်ကြောင်း၊ အဆိုပါပေါက်ကွဲမူကို Urban Phoenix Force အဖွဲ့က အဝေးထိန်းဖြင့်သတိ​ပေးဖောက်ခွဲမူပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိပြည်သူ့ဘက်ရပ်တည်ရန်ကျန်ရှိနေသော ရဲဝန်ထမ်းများနှင့်မိသားစုဝင်များကို ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ရန် သတိပေးဖောက်ခွဲ့မူပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဗုံးပေါက်ကွဲပြီး အဆိုပါ ပေါက်ကွဲသံကို တစ်မြို့နယ်လုံးကြားသိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်အချိန် D.R.F တပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ EPC ရုံးတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဆိုင်ကယ်တွင် ဗုံးဆင်ပြီး အင်းစိန်ကညနရုံး၏ မျက်စောင်းထိုး ဗဟိုလမ်းမပေါ်တွင် ထားပစ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှာဖွေရာ တွေ့ရှိမသွားသဖြင့် ယမန်နေ့ ညနေ ၄ နာရီ ၂၆ မိနစ် အချိန်တွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်တွင်နေထိုင်သည့် သတင်းပေးဒလန်ဟုသတ်မှတ်ခံရသူ ခင်စန်းလွင်(ခေါ်) ချိုမာအား ဇန်နဝါရီလ ၆ ရက်၊ နံနက် ၇ နာရီအချိန်ခန့်က Wolf Warriors STF (WWSTF) အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ သာကေတ EPC ရုံးအတွင်းရှိ စစ် ကားပေါ်သို့ လက်ပစ်ဗုံး ပစ်၍တိုက် ခိုက်ခဲ့ကြောင်း (B.F.R.A.F)တပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သာကတမြို့နယ် ၃ ရန်ပြေရပ်ကွက် ရန် ပြေ လမ်း၂၀ အရှေ့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ ဆန်းဝင်းကို ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် အမည်မသိ သေနတ်သမားက ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s