အရာတော်တွင် ဖက်ဆစ် စစ်အာဏာရှင်ဆန့် ကျင်ရေးနှင့် ဟွန်ဆန်ကို လုံးဝကန့်ကွက်ကြောင်း ဆန္ဒပြ




khit thit
khit thit
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ဧရာဝတီ မြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်ကောင်စီ သင်္ဘောများကို မြို့လှ PDF တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့က ဇန်နဝါရီ ၇ရက်နေ့နှင့် ၅ရက်နေ့တို့တွင် စောင့်ကြိုတိုက် ခိုက်ခဲ့ခြင်းကြောင့် မော်တော် ၁စီး နစ်မြုပ်ပြီး စစ်သား ၅ဝ ထက်မနည်းသေဆုံးခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။
ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်နှင့် ဘူးတောင်းရွာအနီးတွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တို့၌ မြို့လှ PDF တပ်များက ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ သင်္ဘော၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁ စီးစက်ပျက်ကာ ဘူးတောင်းရွာ၌ ဆိုက်ကပ်ခဲ့ပြီး ယင်းသင်္ဘောမှ စစ်သား အင်အား ၃၀ ဦးခန့်သည် မော်တော် ၃ စီးဖြင့် စက်ပျက်သွားသော သင်္ဘောမှ ကုန် ပစ္စည်းများ ယူ ဆောင်ရန် လာရောက်စဉ် မြို့လှ PDF တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မော်တော် ၁ စီး ထက်ခြမ်းကွဲ နစ်မြုပ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဝဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ကသာအထက်ဖက် နလယ်အင်းရွာအနီးတွင် စစ်ကောင်စီ သင်္ဘောများကို KIA တပ်ရင်းတစ်ခုမှ စောင့်ကြိုပစ်ခတ်ခဲ့ပြီး နေ့လည် ၂ နာရီခန့်တွင် အထက် မင်းလယ်ရွာအနီး၌ မြို့လှ PDF တပ်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ မိုးတားလေးရွာ အထက်ဖက်ရှိ ဆင်ကုန်တိုင်ရွာအနီး ပေါလောကျွန်းအနီးတွင် စစ်ကောင်စီ သင်္ဘောနှင့် မြို့လှ PDFတို့ ထပ်မံထိတွေ့ ပစ်ခတ်မှုခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်မှုကြောင့် နွား ၄ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ khit thit
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် PDF များနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ စစ်တပ် ဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုကျော်ဇင်လတ်သည် စစ် ကြောရေးမှ အပြန် နေအိမ်တွင် သေဆုံး သွားကြောင်း ၎င်းနှင့် နီးစပ်သည့် ဒေသခံက မဇ္ဈိမကို ပြောသည်။
၎င်းသည် အသက် ၃၃ နှစ်အရွယ် ရှိပြီး စစ်တပ်နှိပ်စက်သည့် ဒဏ်ရာများဖြင့် ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီတွင် သေဆုံးသွားခြင်း ဖြစ်သည်။ “သူ့ကို PDF တွေကို ပစ္စည်းတွေ ဘာတွေ ပို့ပေးတယ်ဆိုပြီး စွပ်စွဲပြီး စစ်ကြောရေးမှာ ရိုက်စစ်တာပေါ့။ ခြောက်ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီး နောက်ရက် မနက်ကျ အိမ်မှာပဲ နှိပ်စက်တဲ့ ဒဏ်ကြောင့် ဆုံးသွားတယ်။ သူသေတော့ သွားကြည့်တဲ့အထဲ ပြန်သိရတာ ငယ်ပါကိုမီးရှို့ခံရတယ် ။ အသားတွေလည်း လှီးချခံထားရတယ်လို့ ကြားတယ် ” ဟု ဒေသခံက ပြောသည်။
ကိုကျော်ဇင်လတ်သည် မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက်တွင် နေထိုင်ပြီး ကုန်တင်ယာဉ် မောင်းနှင်သည့် သာမန်ဒေသခံ တစ်ဦးဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ၎င်းအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး မြင်းခြံမြို့ရှိ စစ်ကြောရေးသို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ mizzima
ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မြို့ ပေါ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက် နေ့မှာ တိုက်လေယာဥ်နဲ့ရော ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ဒီနေ့ မွန်းလွဲ ၃ နာရီလောက်က စတင်ပြီး လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံမျက်မြင်သက်သေက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်က စတင်ပြီး လွိုင်ကော် မိုင်းလုံးရပ်ကွက်မှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မနေ့က တိုက်ပွဲပြင်းထန်လာလို့ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မနေ့ကတိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံးခဲ့ရပြီး ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါဘူး။ DVB
အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများကို ကောက်ယူရန် အမိန့်ထုတ်ထားပြီး ဖမ်း ဆီးရန် ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြော ဆိုသည်။
“CDM တွေရှောင်နေကြပါ၊ ကျန်းမာရေး၊ ပညာရေး၊ မီးရထားဝန်ထမ်းများ အဓိ ကပါ၊ အခြားဝန်ကြီးဌာနတွေလည်းစာထုတ်ထားပါတယ်၊ ကိုယ်ရေးအချက် အလက်နဲ့ လိုက်မှာပါ၊ ကိုယ်ရေးအချက်အလက်မှာပါတဲ့ အိမ်လိပ်စာနဲ့လိုက် ဖမ်းမှာပါ၊ ပြည်ထဲရေး ရဲခွေး တွေကိုတာဝန်ပေးထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက CDM ပြုလုပ်ခဲ့၍ ထုတ်ပယ်ခဲ့သူ များ၏ ကိုယ်ရေး အကျဉ်းများ၊ CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးတင်ပြရန် ညွှန်ကြားထားသည်။ khit thit
khit thit
စစ်တပ်က မတူပီမြို့နယ် ဒေသခံများကို ဖမ်းဆီး လမ်းပြခိုင်းပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF- Matupi) ပြန်ကြားရေး တာဝန်ရှိသူ ကိုရေဂင်က မဇ္ဈိမကို ပြောသည်။ မတူပီမြို့ပေါ် အခြေစိုက် စစ်ကောင်စီ၏ ခမရ (၁၄၀) အထိုင်တပ်ရင်းမှ တပ်အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် မတူပီ-ဟားခါး လမ်းမအတိုင်း ဇန်နဝါရီ ၅ ရက်မှ စတင် စစ်ကြောင်း ထိုးလာကာ ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းတွင် တောတွင်းတစ်နေရာ၌ စစ်ရှောင်နေကြသည့် ဒေသခံပြည်သူ ကိုးဦးကို ဖမ်းဆီးပြီး လမ်းပြစေခဲ့သည်ဟု ကိုရေဂင်က ပြောသည်။
“ အဲ့ဒီထဲက သုံးယောက်က ချောက်ကမ်းပါးထဲကို ခုန်ချပြီး ထွက်ပြေးတယ်။ ဒဏ်ရာတွေ ဘာတွေ ရကြတယ်။ မိန်းကလေး နှစ်ယောက်၊ ယောကျ်ားလေး တစ်ယောက်က လွတ်ပြီးကျန်တဲ့ ခုနစ် ယောက်က အဖမ်းခံရတယ်။ ဖမ်းတဲ့သူတွေကိုလည်း သူတို့သတ်တယ်။ သေနတ်သံတွေ ကြားတယ်။ ဒါပေမဲ့ အလောင်းကတော့ ဇန်နဝါရီ ၇ ရက်နေ့မှာ ကျွန်တော်တို့ နှစ်ခုပဲ တွေ့ရ သေးတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံနှစ်ဦး၏ ရုပ်အလောင်းကို တောထဲတွင် စွန့်ပစ်ထားသည့် အနေအထားဖြင့်တွေ့ရှိရကြောင်းနှင့် စစ်ရေး အခြေအနေ တင်းမာနေသော ကြောင့် သွားကောက်၍ မရသေးကြောင်း ၎င်းက ဆိုသည်။ အလောင်းအနီး ဝန်းကျင်တွင် မိုင်းထောင်ခဲ့ခြင်း သို့မဟုတ် အလောင်းလာကောက် သည့် အချိန်တွင် ချုံခို တိုက်ခိုက်မည်ကို စိုးရိမ်၍ အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီး သတ်ဖြတ်ခံရသည့်ဒေသ ခံများမှာ ကီးလှုန်း၊ ကစဲ၊ တီဘော၊ ဘွေထီးယားနှင့် ငလိုင်ရွာ မှ စစ်ရှောင်လာသည့် ရွာသားများ ဖြစ်နိုင်ကြောင်းလည်း ကိုရေဂင်က ပြော သည်။
“ သတင်း ရတာကတော့ ဖမ်းဆီးထားတဲ့သူတွေအားလုံးကို သတ်လိုက်ပြီလို့ ကြားတယ်။ ဒါပေမဲ့ အလောင်းကိုလည်း မတွေ့ရသေးဘူး။ တောထဲဆိုတော့ ဘယ်မှာသတ်လို့ သတ်မှန်းလဲ မသိသေးဘူး။ အတည်ပြုဖို့တော့ နည်းနည်းခက်တယ် ” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီ တပ်ဖွဲ့သည် တပ်ဖြန့် လှုပ်ရှားနေပြီး တွေ့သမျှ ရွာသားများကို ဖမ်းဆီးကာ လူသားဒိုင်းလမ်းပြ စေခိုင်းနေကြောင်း CDF Matupi ထံမှ သိရသည်။ မတူပီ-ဟားခါး လမ်းမတစ်လျှောက် ဇန်နဝါရီ ၈ ရက်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကာ ကီးလှုန်း၊ ကစဲ၊ တီဘောနှင့် ဘွေထီးယား ရွာ လေးရွာမှ ဒေသခံများအားလုံး ထွက်ပြေး တိမ်းရှောင်နေရသည်။
လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ငလိုင်နှင့် လုံလှော်ရွာ နှစ်ရွာကို စစ်ကောင်စီဘက်က သိမ် းပိုက် ရန်ကြိုးစားနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ လက်နက် အင်အားမမျှ၍ ခံစစ်သာ ခုခံနေရကြောင်း CDF ဘက်မှ သိရသည်။ mizzima
ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် နာရီကျော်ခန့်၌ အ ချင်းချင်း စကားများပြီး ပစ်ခတ်ကြရာမှ တပ်ရင်းမှူးအပါအဝင် ၄ ဦးသေဆုံးကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ ထံမှ သိရသည်။
သေဆုံးသူများမှာ ခလရ ၁၄၀ တပ်ရင်းမှ တပ်ရင်းမှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် တပ်သားတို့ ဖြစ်သည်ဟု ကနဦးသိရကြောင်းကန်ပက်လက် ပ.အ.ဖ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။”တပ်ရင်း ၁၄၀က စစ်သားတွေတဲ့အချင်းချင်း စကား များပြီးတော့ ပစ်တာ။အကြောင်းစုံတော့ မသိရသေးဘူးတဲ့ ပစ်သံနဲ့ အကြောင်းအရင်းလောက်ပဲသိရသေးတယ်”ဟု CDF ကန်ပက်လက်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြော သည်။ khit thit
မွန်ပြည်နယ်၊ ရေးမြိုနယ်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဓမ္မဘာလဖလံကျေးရွာအနီးအနားမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့မနက်က စစ်ကောင် စီတပ်တွေ ဝင်ရောက် စစ်ရေးစတင်လှုပ်ရှားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
ဒေသခံ ခြံသမားတယောက်က “ရာဘာခြံလမ်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဖြတ်သန်း လှုပ်ရှားသွားလာနေတဲ့အခါ ဒီနယ်မြေက မွန်ပြည်သစ်ပါတီလှုပ်ရှားနယ်မြေလည်း ဖြစ်တယ်။ ပြီးတော့ ကေအန်ယူ ဘက်ကလည်း ဒီနယ်မြေဘက်ကို လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်တော့ လက်နက်ကိုင်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ရသလို ခြံလုပ်ငန်းလည်း မလုပ်ရဲဘူး”လို့ ပြောပါတယ်။
အခုလို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတာဟာ ရေး PDF တွေရှိနိုင်မယ့်နေရာကို ရှာဖွေတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပြောပါတယ်။
လက်ရှိအခြေအနေအထိတော့ စစ်ကောင်စီတပ်နဲ့ ရေး PDF လက်နက်ကိုင်တွေအပါဝင် မွန် ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ဒီနယ်မြေထဲမှာ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။ DVB
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်ကျေးရွာအနီး ရွာသား ၂၃ ဦး ဝါးခုတ်နေစဉ် လက်နက်ကိုင်အဖွဲ့ တစ်ခုက လိုက်လံ ပစ် ခတ်သဖြင့် ရွာသားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူက ပြောသည်။
မောင်တောမြို့နယ် ခုံတိုင်ရွာသား ၂၃ ဦး ဇန်နဝါရီ ၇ ရက်က လဘော်ချောင်း အထက်ပိုင်းတွင် ဝါးခုတ်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။ “ဝါးခုတ်နေတုန်း ARSA (Arakan Rohingya Salvation Army) တွေနဲ့တွေ့တယ်၊ အဲ့တော့ ကျွန်တော်က ထွက်ပြေးတယ်။ ထွက်ပြေးတော့ သေနတ်နဲ့ လိုက်ပစ်တာပါ၊ ခြောက်ချက်ပစ်တယ်။ ကျွန်တော့်ကို ထိသွားတယ်၊ သူတို့လည်း ပစ်ပြီးရင် နောက်ဆုတ်သွားကြတယ်” ဟု ကျည်ထိမှန်ခဲ့သူ ဦးထွန်းလောက်က ရှင်းပြသည်။
သေနတ်ကျည် ထိမှန်ခဲ့သူမှာ ခုံတိုင်ကျေးရွာနေ အသက် (၃၅) နှစ်အရွယ် မြိုတိုင်းရင်းသား ဦးထွန်းလောက် ဖြစ်ပြီး ဘယ်ဘက်ဒူးခေါင်းအောက် ကို ကျည်ထိမှန်ခဲ့သည်။ “ရွာက နယ်ခြားစောင့်တပ်ကို ကျွန်တော်တို့ ရွာသားတွေ လဘော်ချောင်းဘက်ကို ဝါးခုတ်သွားမယ်လို့ ပြောခဲ့တယ်။ သူတို့က လူဘယ်နှစ်ယောက်လဲ မေးတယ်။ ၂၃ ယောက်ပါလို့ ပြောခဲ့တယ်။ သူတို့က လူနည်းရင် မသွားရဘူး၊ ၂၃ ယောက်ဆိုတော့ မင်းတို့သွားရဲတယ်ဆိုသွားပေါ့ အဲ့လိုပြောတယ်” ဟု ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောသည်။
ယင်းရွာသားများကို နယ်ခြားစောင့် တပ်စခန်းက ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ လိုက်လံ ပို့ဆောင်ခဲ့ကြောင်း ဒဏ်ရာရသူ ဦးထွန်းလောက်ကို ယနေ့ နံနက်ပိုင်းတွင် မောင်တောဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ mizzima