ကန်ပက်လက်တွင် စစ်သားအချင်းချင်း စကားများပြီး ပစ်ခတ်မှုဖြစ်ကာ ခလရ ၁၄၀ မှ တပ် ရင်းမှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့်တပ်သား စု စုပေါင်း ၄ ဦး သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် နာရီကျော်ခန့်၌ အ ချင်းချင်း စကားများပြီး ပစ်ခတ်ကြရာမှ တပ်ရင်းမှူးအပါအဝင် ၄ ဦးသေဆုံးကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ ထံမှ သိရသည်။
သေဆုံးသူများမှာ ခလရ ၁၄၀ တပ်ရင်းမှ တပ်ရင်းမှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် တပ်သားတို့ ဖြစ်သည်ဟု ကနဦးသိရကြောင်းကန်ပက်လက် ပ.အ.ဖ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။”တပ်ရင်း ၁၄၀က စစ်သားတွေတဲ့အချင်းချင်း စကား များပြီးတော့ ပစ်တာ။အကြောင်းစုံတော့ မသိရသေးဘူးတဲ့ ပစ်သံနဲ့ အကြောင်းအရင်းလောက်ပဲသိရသေးတယ်”ဟု CDF ကန်ပက်လက်အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြော သည်။ khit thit