ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၉၇) အမြှောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ နေအိမ်များ ပျက်စီးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၉၇) အမြှောက်တပ်က နေပူခံကုန်းမှ တဆင့် ယနေ့ ဇန်နဝါရီလ ၈ ရက် နံ နက်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အာရှလမ်းမကြီး အရှေ့ဘက်ရှိ ကော့နွဲ့ကျေးရွာအုပ်စု၊ မြို့ဟောင်းရွာမှ ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်များ ပျက်စီးပြီး ဒေသခံပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

“ဒီမနက် ၉ နာရီလောက်ကစပြီး နေပူခံကုန်းကနေ လက်နက်ကြီး တောက်လျှောက်ပစ်နေတာ၊ ဘုန်းကြီးကျောင်းထိတယ်၊ နေအိမ် ၂ လုံးလောက် ပျက်တယ်။လက်နက်ကြီး ထိတဲ့သူတွေထဲမှာ အသက် ၇၀ အရွယ် အဘွား ၂ ယောက်ပါတယ်၊ ၁ ယောက်ကို အောက်စီဂျင်ပေးထားရတယ်၊ အဖွားက နဂိုကတည်းက ကျန်းမာရေး သိပ်မကောင်းဘူး၊ ခြေကျင်းဝတ်ရယ်၊ ဘယ်ဘက်ပေါင်ရယ်ထိတားတယ်၊ လန့်တဲ့ အရှိန်လည်းပါမယ်။ ထိတာကတော့ ၇ ဦးကျော်တယ်” ဟု ကော့ကရိတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယမန်နေ့ညတွင် မြဝတီမှ ဆင်းလာသော ဆီဘောက်ဆာယာဉ် ပစ်ခတ်ခံရပြီးနောက် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ် ခမရ ( ၉၇) အ မြှောက်တပ်မှ အာရှလမ်းမကြီး အရှေ့ဘက်ရှိ ကျေးရွာများသို့ ယနေ့နံနက်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လက်နက်ကြီးကျည်များ သည် မြို့ဟောင်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း မြဝတီမှ ဆင်းလာသည့် ဆီဘောက်ဆာ ယာဉ် ၂ စီး ပစ်ခတ်ခံကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက အဆိုပါ ယာဉ်များသည် အောက်စီဂျင်အရည်များတင်ဆောင်လာသည့် ယာဉ်သာ ဖြစ်ကြောင်း ပြောဆိုသည်။ ဒေသ သတင်းရင်းမြစ်များနှင့် ဒေသ ကရင်သတင်းဌာနများကလည်း အဆိုပါ ယာဉ်များသည် အောက်စီဂျင်တင်ယာဉ် အသွင်ပြောင်း လေယာဉ်ဆီတင် ဆီဘောက်ဆာ ယာဉ်များဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s